လက်ရှိ အနေအထားအရ cs:go world rankings မှာတော့ Germany နိုင်ငံက cs:go team တစ်ခုဖြစ်တဲ့ BIG က no.1 နေရာမှာရပ်တည်နေပါတယ်။ BIG ကတော့ No.1 နေရာမှာပဲရှိနေတာ လအနည်းလောက်ရှိနေပြီပဲဖြစ်ပါတယ်။

No.2 နေရာမှာတော့ France နိုင်ငံက cs:go team တစ်ခုဖြစ်တဲ့ Team Vitality ကရပ်တည်နေပါတယ်။

No.3 နေရာမှာတော့ United States က cs:go team တစ်ခုဖြစ်တဲ့ Evil Geniuses ကရပ်တည်နေပါတယ်။

No.4 နေရာမှာတော့ Europe region က cs:go team တစ်ခုဖြစ်တဲ့ G2 Esports ကရပ်တည်နေပါတယ်။

No.5 နေရာမှာတော့ အရင်က No.1 နေရာမှာ အချိန်အတော်ကြာရှိနေခဲ့တဲ့ Natus Vincere ကရှိနေပါတယ်။

No.6 နေရာမှာတော့ Brazil နိုင်ငံက cs:go team တစ်ခုဖြစ်တဲ့ FURIA Esports ကရပ်တည်နေပါတယ်။

No.7 နေရာမှာတော့ Europe region က cs:go team တစ်ခုဖြစ်တဲ့ Complexity Gaming ကရှိနေပါတယ်။ Complexity Gaming အနေနဲ့လည်း အရင်က No.10 နေရာမှာရှိနေတာဖြစ်ပြီး လတ်တလောရရှိတဲ့ ရလာဒ်တွေအရ No.7 နေရာကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

No.8 နေရာမှာလည်း Europe region က cs:go team တစ်ခုဖြစ်တဲ့ Team Liquid ကရပ်တည်နေပါတယ်။

No.9 နေရာမှာတော့ Denmark နိုင်ငံက cs:go team တစ်ခုဖြစ်တဲ့ HEROIC ကရှိနေပါတယ်။

No.10 နေရာမှာတော့ United Kingdom က cs:go team တစ်ခုဖြစ်တဲ့ Fnatic ရှိနေပြီး Fnatic အနေနဲ့လည်း အရင် No.7 ကနေ No.10 ကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီlist ဟာ cs:go team တွေရဲ့ တစ်ပတ်တစ်ခါ ရရှိတဲ့ ရလာဒ်တွေကို စာရင်းပြုစုပြီး ဖော်ပြထားတာဖြစ်တာကြောင့် တစ်ပတ်တစ်ခါ အပြောင်းအလဲရှိနိုင်ပါတယ်။

source - HLTV.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။