photo credit - liquipedia

Augest လ 18 ရက်နေ့ထဲက စတင်ကျင်းပလာတဲ့ OMEGA League : Europe Immortal Division ကတော့ လက်ရှိမှာ group stage ပွဲစဉ်တွေပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

Group stage ပွဲစဉ်တွေပြီးဆုံးသွားတဲ့အခါမှာတော့ Natus Vincere နဲ့ Ninjas in Pyjamas တို့ဟာ အုပ်စုနောက်ဆုံးအဆင့်နဲ့ ပြိုင်ပွဲက ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။

Playoffs ရဲ့ upper Bracket round 1 မှာတော့ Team Nigma Vs OG နဲ့ Team Secret Vs Evil Geniuses တို့က ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ နှစ်သင်းက Upper Bracket Final ကိုရောက်ရှိမှာဖြစ်ပြီး ရှုံးနိမ့်တဲ့ နှစ်သင်းကတော့ Lower bracke ကနေ ဆက်လက်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

လက်ရှိ Lower bracket မှာတော့ Vikin.gg , Alliance , Virtus.pro တို့ရှိနေပြီး ကျန်ရှိနေတဲ့ တနေရာစာနေရာကိုတော့ play in stage က Team Liquid vs 5men match ကနိုင်တဲ့အသင်းက ရရှိမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိ Lower bracket round 1 မှာတော့

Vikin.gg vs Alliance နဲ့

Virtus.pro vs (winner of Team Liquid vs 5men)

တို့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်တဲ့ နှစ်သင်းက Lower bracket round 2 ကိုတက်မှာဖြစ်ပြီး ရှုံးတဲ့ နှစ်သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပဲဖြစ်ပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ bracket တွေကိုတော့ အောက်ကပုံလေးထဲမှာ ဖော်ပြပေးထားပါတယ်။

Champion ဖြစ်တဲ့အသင်းက $200,000 USD ဆုကြေးငွေရရှိမှာဆိုတော့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပြိုင်ပွဲ 6 ခုဆက်တိုက် Champion ဖြစ်ထားတဲ့ Team Secret ကပဲ Champion ထပ်ဖြစ်ဦးမှာလား ဒါမှမဟုတ် ဘယ်အသင်းကပဲ Secret ကိုကျော်ပြီး Champion ဆုကိုရယူနိုင်မလဲဆိုတာက အရမ်းစိတ်ဝင်စားစရာကောင်းနေပါပြီ။

ဘော်ဒါတို့ရော ဘယ်အသင်းက Champion ဖြစ်မယ်ထင်ကြလဲ………………………….

secreenshoot of liquipedia

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။