photo credt - Dota2esportstv

ကမ္ဘာပေါ်က Invoker ကစားတာ အကောင်းဆုံး players ကိုပြပါဆိုရင် လူအများစုကတော့ Miracle ကို လက်ညှိုးထိုးပြကြပါတယ်။

Miracle အနေနဲ့လည်း OG မှာထဲက invoker ကို အကောင်းမွန်ဆုံး performance တွေနဲ့ ဆော့ပြလာခဲ့တာကြောင့် Miracle ရဲ့ Invoker ဟာနာမည်ကြီးပေမယ့် လူတိုင်းမှာတော့ ကိုယ့်အကြိုက် Favourite invoker players တွေရှိကြပါတယ်။

Miracle အနေနဲ့လည်း လက်ရှိမှာ invoker ဆိုတဲ့ hero က Meta ထဲပြန်ဝင်လာတဲ့အခါမှာ invoker ကိုမဆော့တာ အတော်ကြာနေပြီဖြစ်တဲ့အတွက် ဒီ hero နဲ့ပတ်သတ်တဲ့ အချို့အရာတွေကို ပြန်လေ့လာနေရပါတယ် လို့အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာတွေ့ရပါတယ်။

အဲ့ဒီလိုလေ့လာတဲ့နေရာမှာ invoker guy လို့နာမည်ကြီးတဲ့ Sumiya ရဲ့ replay တွေ ကြည့်ပီးတော့လည်း လေ့လာနေပါတယ်။

သူ့ရဲ့ stream တွေ replay တွေကြည့်ပီးတော့ ငါ့ရဲ့အကောင်းမွန်ဆုံးပုံစံတစ်ခုကို ပြန်လည်ရရှိအောင် ကြိုးစားနေပါတယ် လို့လည်း ဖြေကြားထားခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် Miracle ရဲ့အကြိုက်ဆုံး Favourite player ဖြစ်တဲ့ Mage ကလည်း Invoker player တစ်ဦးဖြစ်တာကြောင့် Miracle အနေနဲ့ သူတို့တွေဆီက ပြန်လည် လေ့လာအပြီးမှာ invoker ကိုဘယ်လို ပုံစံတွေနဲ့ ပြန်ဆော့ပြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

အကယ်၍ Miracle invoker ပြန်ဆော့တဲ့အခါမှာလည်း Nigma အနေနဲ့ အရင် Liquid မှာတုန်းကလို မိနစ် 20 လောက်ထိ Miracle ကို farming space ပေးပြီး Boost of Travel , Hand Of Midas , Aghanim’s Scepeter တွေရမှ လိုက်ချတဲ့အကွက်ကိုပဲပြန်သုံးမလား ဒါမှမဟုတ် တခြားသောကစားကွက်ပုံစံအသစ်နဲ့ ကစားပြမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဘာတွေပဲဖြစ်ဖြစ် အကောင်းဆုံး invoker players တွေထဲ တစ်ယောက်ဖြစ်တဲ့ Miracle ရဲ့ Invoker playing style တွေကိုတော့ အမြန်ဆုံးပြန်မြင်ချင်နေပါပီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။