ဘောလုံးလောကမှာဆိုရင် အသင်းတွေများသလောက် အားပေးကြတဲ့ ပရိသတ်တွေလဲများတယ်ဆိုတာကို ပရိသတ်ကြီး ဘောလုံးပွဲတစ်ပွဲကြည့်ရင်သိနိုင်ပါတယ်။ ဒါတောင်မှ အိမ်မှာကြည့်တဲ့သူ ဆိုင်မှာကြည့်တဲ့သူတွေမပါဝင်သေးပါဘူး။ မပါသေးတာတောင်မှပဲ ပရိသတ်တွေက ကွင်းအပြည့်ပါပဲ။ " ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံး နဲ့ Celebrity တွေအားပေးကြတဲ့ ဘောလုံးအသင်းများ ( Part - 1 ) " မှာဆိုရင်လဲ Man City နဲ့ Arsenal တို့ကို ဖော်ပြခဲ့ပြီး ဘယ် Celebrity တွေက အားပေးကြလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ခု Part - 2 မှာဆိုရင်လဲ ဘယ်အသင်းတွေကို ဘယ်သူတွေက အားပေးလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။  

Liverpool 

Photo Credit : Sport Mob

၂၀၁၅ခုနှစ်က သတင်းအချက်အလက်တွေအရ Liverpool ဟာ ကမ္ဘာပေါ်မှာ Man U ပြီးရင် ပရိသတ်အများဆုံးပိုင်ဆိုင်တဲ့ ဒုတိယ Club ဖြစ်ပါတယ်။ အဲ့တုန်းကဆိုရင် ပရိသတ် သန်း ၅၈၀ လောက်ရှိတယ်ဆိုပြီး ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ တချို့သော သတင်းတွေအရ သန်း ၇၀ သာရှိတယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ Hillsborough Stadium နဲ့ပတ်သတ်လို့လဲ Liverpool Fan တွေမှာ အတိတ်ဆိုးကြီးရှိပါတယ်။ Liverpool ကတော့ Instagram မှာ Followers 26 Million နီးပါးရှိပြီး Facebook မှာ 37 Million နီးပါးရှိပါတယ်။ တခြား Club တွေလို Twitter မှာနာမည်ကြီးတဲ့ အသင်းထဲမပါပါဘူး။ သူတို့အနေနဲ့လဲ Twitter မှာ တစ်သန်းတောင်မပြည့်ပဲ Followers 450,000 သာရှိပါတယ်။ အားပေးကြတဲ့ Celebrity တွေကတော့ နာမည်ကြီး English-Irish singer နဲ့ သီချင်းရေးဆရာဖြစ်တဲ့ Chris de Burgh, Angelina Jolie, WWE ရဲ့ Sheamus, UK ရဲ့ big comedian ဖြစ်သူ John Bishop, Dr. Dre, Hollywood သရုပ်ဆောင် Liam Neeson နဲ့ American producer နဲ့ actor ဖြစ်သူ Samuel L. Jackson တို့ပဲဖြစ်ပါတယ်။  

Photo Credit : Sport Mob

Paris Saint-Germain 

Photo Credit : Sport Mob

ကမ္ဘာပေါ်မှာ Popular အရမ်းဖြစ်တဲ့ အသင်းတွေထဲ မပါဝင်ပေမယ့် ပြင်သစ်မှာတော့ အားပေးသူတော်တော်များပြီး Popular အဖြစ်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ PSG Fan တွေလဲ Liverpool Fan တွေလို အတိတ်ဆိုးကြီး ရှိပါတယ်။ ကိစ္စကတော့ 2010 ခုနှစ်တုန်းက PSG Fan ဖြစ်သူ Yann Lorence ဆိုတဲ့သူဟာ PSG Fan တွေနဲ့ Marseille fan တို့ရန်ဖြစ်ရင်း သေဆုံးခဲ့ရတဲ့ ကိစ္စပဲဖြစ်ပါတယ်။ PSG ကတော့ Instagram မှာ Followers 29 Million နီးပါးရှိပြီး Twitter မှာ 7.7 Million နီးပါးရှိကာ Facebook မှာ 40 Million ကျော်ရှိပါတယ်။ အားပေးကြတဲ့ Celebrity တွေကတော့ ပြင်သစ်ရဲ့ သမ္မတဟောင်း Nicolas Sarkozy, NBA ကစားသမားဖြစ်သူ Tony Parker, Belarusian ရဲ့ထိပ်တန်း Tennis Player ဖြစ်သူ Victoria Azarenka တို့ပဲဖြစ်ပြီး US rapper Tyga, Rihanna, Naomi Campbell နဲ့ Kim Kardashian တို့ကတော့ Le Parc des Princes ကွင်းရဲ့ထိုင်ခုံတွေမှာ ပရိသတ်တွေနဲ့အတူ တစ်ခါတလေ မြင်ရလေ့ရှိပါတယ်။ 

Photo Credit : Sport Mob

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။