photo credit - One Esports

Vici Gaming အနေနဲ့လည်း အသင်းရဲ့ offlaner ဖြစ်သူ Yang တစ်ယောက်ထဲကို ဆုံးရှုံးခဲ့ရတာမဟုတ်ဘဲ့ coach ဖြစ်သူ rOtK ကိုလည်း ဆုံးရှုံးခဲ့ရပြီပဲဖြစ်ပါတယ်။

rOtK ကလည်း သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် Vici Gaming ကနေထွက်ခွာခဲ့ပြီဖြစ်သလို လက်ရှိမှာ free agent ဖြစ်နေပြီပဲဖြစ်ပါတယ်။

r0tK ဟာ Vici Gaming ရဲ့ player အဖြစ်နဲ့ The International 2014 မှာ Grand Final ထိတက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး Newbee ကို 3:1 ဆိုတဲ့ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် Ti champion ဆုနဲ့ဝေးကွာခဲ့ရသူပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ rOtK ဟာ Vici Gaming ကနေထွက်ခွာခဲ့ပြီး း2018 ခုနှစ် 9 လပိုင်း 10 ရက်နေ့မှသာ coach အဖြစ်ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

Coach အဖြစ်ပြန်လည်ရောက်ရှိလာပြီးနောက်ဝင်ပြိုင်တဲ့ Ti 9 မှာတော့ rOtK ကိုင်တွယ်တဲ့ Vici Gaming ဟာ 5-6th place နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒီနောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာလည်း rOtK ကိုင်တွယ်တဲ့ Vici Gaming ဟာ One Esports Dota 2 World Pro Invitational Singapore 2019 တစ်ခုထဲမှာသာ Champion ဖြစ်ခဲ့ပြီး အခြားသော ပြိုင်ပွဲတွေမှာတော့ champion ဆုနဲ့ဝေးကွာခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ Vici Gaming ရဲ့ coach ဖြစ်သူ rOtK ဟာ အသင်းကနေထွက်ခွာပြီး free agent ဖြစ်နေပြီဆိုတော့ အသစ်ဖွဲ့စည်းမယ့် 4 Angry Men ကိုပဲရောက်သွားမလားဆိုတာကို စောင့်ကြည့်သွားရမှာပါပဲ။

Source - Vici Gaming and Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။