photo credit - Realiyt Fift facebook page

စင်ကူပူနိုင်ငံက dota 2 team တစ်ခုဖြစ်တဲ့ Reality Rift ကတော့ disband ပြုလုပ်သွားပြီဖြစ်ကြောင်း မနေ့က သူတို့ရဲ့ facebook page ကနေ တရားဝင်ကြေညာခဲ့ပါတယ်။

Reality Rift disband ပြုလုပ်ရတဲ့အကြောင်းရင်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ Covid 19 ကြောင့် အခက်အခဲတွေဖြစ်ပေါ်ခဲ့ရသလို စင်ကာပူမှာ သူတို့အသစ်ဖွင့်လှစ်ထားတဲ့ Reality Rift Gaming Arena ကြောင့် Budget တွေနည်းပါးလာတဲ့အပြင် Valve ဘက်ကလည်း Esports နဲ့ပတ်သတ်ပြီး စီမံပေးမှုတွေ အားနည်းတာကြောင့် နောက်ဆုံးမှာ disband ပြုလုပ်ဖို့ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Dota 2 team ကို အပြီးတိုင်ဖျက်သိမ်းလိုက်တာမဟုတ်ပါဘူး ။ လာမယ့် 2021 မှာ dota 2 team အသစ်ကို ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

Realiyt Rift အနေနဲ့လည်း ပြီးခဲ့တဲ့ တစ်လကျော်လောက်က အသင်းရဲ့ carry player Drew ကို ဆုံးရှုံးလိုက်ရပြီး ကျန်ရှိနေတဲ့ player လေးယောက်ထဲနဲ့ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။

လက်ရှိ disband ပြုလုပ်လိုက်တဲ့အချိန်မှာတော့ po 5 နဲ့ po 3 player ဖြစ်တဲ့ NutZ နဲ့ kYxY တို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီး AlaCrity နဲ့ Hustla တို့ကတော့ စာချုပ်ရှိနေသေးတဲ့အတွက် အသင်းမှာရှိနေဦးမှာဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ Augest လ 25 ရက်နေ့ကမှ သူတို့ရဲ့ Team House ကိုထုတ်ဖော်ပြသခဲ့တဲ့ Reality Rift ကတော့ အခုအချိန်မှာ ခနတာ အဆုံးသတ်သွားပြီပဲဖြစ်ပါတယ်။

လာမယ့် 2021 မှာလည်း သူတို့ရဲ့အကောင်းမွန်ဆုံးပုံစံတစ်ခုနဲ့ ပြန်လည်ထွက်ပေါ်လာမယ့်လို့ မျှော်လင့်ရတာပါပဲ။ 

photo credit - Realiyt Fift facebook page

source - Realiyt Fift facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။