photo credit - Chaos EC twitter

အသင်းရဲ့ roster ကိုအားဖြည့်ဖို့လိုအပ်နေတဲ့ Chaos Esports Club cs:go team ကတော့ MarKE ကို အသင်းမှာကစားပေးဖို့အတွက် ခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

MarKE ကတော့ Mexico နိုင်ငံသား cs:go pro player တစ်ဦးဖြစ်ပြီး အသက်အားဖြင့်တော့ 22 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

MarKE အနေနဲ့လည်း အရင်က cs:go team တော်တော်များများမှာ ကစားခဲ့ဖူးပြီး နောက်ဆုံးကစားခဲ့တာကတော့ Ze Pug Godz မှာပဲဖြစ်ပါတယ်။

MarKE အနေနဲ့လည်း Ze Pug Godz အသင်းမှာရှိစဉ် နောက်ဆုံးကစားခဲ့တဲ့ ESEA Cash Cup – North America: Summer 2020#2 မှာ Champion ဖြစ်ခဲ့သေးပါတယ်။

လက်ရှိမှာ Steel ရဲ့နေရာမှာအစားဝင်ကစားဖို့ Chaos EC ကိုရောက်ရှိလာချိန်မှာတော့ MarKE အနေနဲ့ ဘယ်လို performance တွေပြသသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

MarKE ရောက်ရှိလာမှုနဲ့အတူ Chaos EC ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Anthony "⁠vanity⁠" Malaspina

Erick "⁠Xeppaa⁠" Bach

Nathan "⁠leaf⁠" Orf

Jonathan "⁠Jonji⁠" Carey

Edgar "⁠MarKE⁠" Maldonado

Matthew "⁠mCe⁠" Elmore (coach)

တို့ပဲဖြစ်ပါတယ်။

source - Chaos EC twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။