Screenshoot of team singularity video

Denmark နိုင်ငံက Esports organization တစ်ခုဖြစ်တဲ့ Team Singularity ကတော့ သူတို့ရဲ့ cs:go roster update ကိုကြေညာခဲ့ပါတယ်။

Team Singularity ကြေညာခဲ့တာကတော့ IceBerg နဲ့ notaN တို့ကို အသင်းရဲ့ roster ကိုအားဖြည့်ဖို့အတွက် ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

Team Singularity အနေနဲ့လည်း အသင်းကနေထွက်ခွာသွားတဲ့ mertz နဲ့ TOBIZ တို့ရဲ့နေရာမှာအစားထိုးဖို့အတွက် players တွေလိုအပ်နေခဲ့တာဖြစ်ပြီး ဒီလိုအပ်ချက်ကိုဖြည့်တင်းဖို့အတွက် အသင်းတည်ရှိရာ Denmark နိုင်ငံအတွင်းက free agent ဖြစ်နေတဲ့ IceBerg နဲ့ notaN တို့ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Team Singularity ရဲ့ လက်ရှိ cs:go roster အပြည့်အစုံကတော့

Casper "⁠Celrate⁠" Andersen

Emil "⁠Remoy⁠" Schlichter

Nico "⁠nicoodoz⁠" Tamjidi

Anton "⁠notaN⁠" Pedersen

Oliver "⁠IceBerg⁠" Berg

Peter "⁠casle⁠" Sørensen (coach)

တို့ပဲဖြစ်ပါတယ်။

source - Team Singularity Twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။