Juventus အသင်းဟာဆိုရင် Italy အသင်းတစ်သင်းဖြစ်ပြီး Series A ရဲ့ အသင်းကြီးတွေထဲကတစ်သင်းဖြစ်တာကို ပရိသတ်ကြီးလဲ သိရှိပြီးသားဖြစ်မှာပါ။ အသင်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၂ နှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အတိအကျကတော့ ၁၈၉၇ခုနှစ် နိုဝင်ဘာလ ၁ရက်ပဲဖြစ်ကာ ယနေ့တိုင် အောင်မြင်နေပြီး ပရိသတ်လဲ ပေါများတဲ့ အသင်းတစ်သင်းဖြစ်နေတုန်းပါပဲ။ ပရိသတ်အားပေးမှုဘယ်လောက်ရှိလဲဆိုတာကိုလဲ အနည်းငယ်ပြောပြလိုက်ပါတယ်။ 

Photo Credit : Sport Mob

Juventus ဟာဆိုရင် ကမ္ဘာပေါ်မှာ အားပေးမှုအများဆုံး ပရိသတ်တွေမရှိရင်တောင် Italy မှာတော့ သူလောက် ဘယ် Italy အသင်းမှာ ပရိသတ်အများကြီးမပိုင်ဆိုင်ပါဘူး။ Italy ရဲ့ ၃၄ရာခိုင်နှုန်းသော ဘောလုံးဝါသနာပါတဲ့ပရိသတ်တွေဟာ Juventus ကိုအားပေးတယ်ဆိုတာကို ၂၀၁၆ခုနှစ်တုန်းက Italian research agency ဖြစ်တဲ့ Demos & Pi ကပြောပြခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က ဆိုပေမယ့်လဲ ယနေ့တိုင် အသင်းရဲ့ပရိသတ်ဟာ များပြီးရင်းများလာကာ အောင်မြင်နေတုန်းပဲဖြစ်ပါတယ်။  

Photo Credit : Sport Mob

လက်ရှိအချိန် Juventus ရဲ့ ပရိသတ်အရေအတွက်ကတော့ သန်း၃၀ဝဖြစ်ပြီး Europe မှာ 41 Million ရှိပြီး Italy မှာ 12 Million ရှိပါတယ်။ သို့သော်တချို့ သတင်းအချက်အလက်တွေအရ ပရိသတ်သန်းပေါင်း ၁၈၀ ရှိတယ်ပြောကြပြီး တချို့ကျတော့ သန်း ၈၀ကျော်လောက်သာရှိတယ်လို့ပြောကြပါတယ်။ သို့သော် Juventus ဟာ Juventus ဖြစ်ပြီး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့အသင်းတွေထဲမှာပါဝင်နေတုန်းပါပဲ။ Juventus ဟာ Nickname များစွာပိုင်ဆိုင်ထားပြီး အဲ့ဒီ Nickname တွေကတော့ Bianconeri (The Black and Whites), La Vecchia Signora (The Old Lady) , Le Zebre (The Zebras) , La Signora Omicidi (The Killer Lady) , La Fidanzata d'Italia (The Girlfriend of Italy) , La Madama (Piedmontese: Madam) , La Gheuba ( The Hunchback ) တို့ပဲဖြစ်ပါတယ်။  

Photo Credit : Sport Mob
Photo Credit : Sport Mob

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။