လက်ဖဝါးနှစ်ဖက်ကိုဆက်ပြီး ဘယ်ပုံစံလဲဆိုတာ ကြည့်ရုံနဲ့ သင့်ရဲ့အချစ်ရေးကိစ္စကိုခန့်မှန်းနိုင်တယ်နော်။

၁။ နှလုံးလမ်းကြောင်းနှစ်ခု တစ်ဆက်တည်းဖြစ်နေတာ

သင့်ရဲ့ နှလုံးလမ်းကြောင်းကတစ်ဆက်တည်းဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ အင်မတန်ကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလမ်းကြောင်းပိုင်ရှင်တွေဟာ တစ်ယောက်ဆိုတစ်ယောက်ပဲ သစ္စာရှိရှိချစ်ချင်ကြသူများဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက်ပြောင်းရတာကို သဘောမကျသူများဖြစ်ပါတယ်။ သူတို့ဟာ အထိခိုက်မခံနိုင်တဲ့သူတွေဖြစ်ပြီး နူးညံ့တဲ့စရိုက်ကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ တခြားသူတွေ သူတို့အပေါ် ဘယ်လိုတွေးလဲဆိုတာ အမြဲဂရုစိုက်နေတတ်သူတွေပါ။

၂။ ဘယ်ဘက်နှလုံးလမ်းကြောင်းက အနည်းငယ်နိမ့်နေမယ်ဆိုရင်

ဒီနှလုံးလမ်းကြောင်းပိုင်ရှင်တွေကတောအ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုမှ ချစ်တတ်တဲ့သူတွေဖြစ်ပြီး ရှိရင်းစွဲအသက်ထက် ရင့်ကျက်နေတတ်သူများဖြစ်ပါတယ်။ သူတို့ဟာ ရိုမန်တစ်ဆန်တတ်ကြပြီး အရမ်းချစ်တတ်သူများလဲဖြစ်ပါတယ်။ သူတို့ဟာ လူမှူပတ်ဝန်းကျင်မှာ စည်းမျဉ်းတွေနဲ့ နေထိုင်ရတာကို မကြိုက်တဲ့သူတွေဖြစ်ပြီး များသောအားဖြင့် အနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေကို ကြိုတင်ခန့်မှန်းတတ်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်။

၃။ ဘယ်ဘက်လမ်းကြောင်းက မြင့်နေတယ်ဆိုရင်တော့

သူတို့တွေဟာ တစ်ယောက်ဆိုတစ်ယောက်ချစ်မှရမယ်ဆိုတဲ့အတွေးမျိုး လေးလေးနက်နက်မတွေးတတ်သူတွေပါ။ ဒါပေမယ့်လည်း အပျော်တွဲတတ်တဲ့သူတွေမဟုတ်ပေမယ့် ချစ်မိပြီ၊ တွဲမိပြီဆို ကိုယ့်ထက်ငယ်တဲ့သူနဲ့၊ ဒါမှမဟုတ် လူမျိုးမတူတဲ့သူနဲ့ တွဲဖြစ်တတ်တာ များပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမြင့်မားသူတွေဖြစ်ပြီး မျက်စိနဲ့တွေ့ရမှ ချစ်တတ်တဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်။

သတင်းအရင်းမြစ် Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။