photo credit - Gambit Esports twitter

Gamibit Esport ရဲ့ captain and po 5 player ဖြစ်သူ fng ကတော့ အသင်းရဲ့ပြီးခဲ့တဲ့ Augest လ 31 ရက်နေ့က စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

Fng ဟာ Gambit Esports ကို 2018 ခုနှစ် 12 လပိုင်း 25 ရက်နေ့ထဲက ရောက်ရှိလာခဲ့တဲ့ Player တစ်ယောက်ဖြစ်ပြီး fng ဟာ Gambit Esports ကိုအများကြီးပြောင်းလဲပေးနိုင်ခဲ့တဲ့ captain တစ်ယောက်ပဲဖြစ်ပါတယ်။

သို့ပေမယ့် 2020 ခုနှစ် 5 လပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ESL One Birmingham 2020 ပြိုင်ပွဲပြီးထဲက Gambit Esports ဟာ ဘာပြိုင်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ fng ဟာလည်း captain player လိုအပ်နေတဲ့ Alliance ကို 3လ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။

အဲ့ဒီလိုကစားနေရင်းနဲ့ မနေ့က 9 လပိုင်း 2 ရက်နေ့မှာတော့ Gambit Esports ဟာ fng အနေနဲ့ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး free agent ဖြစ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် fng ဟာ လက်ရှိမှာ Alliance ရဲ့ permanent player ဖြစ်လာနိုင်တဲ့ ရာခိုင်နှုန်း တော်တော်လေးများနေပါတယ်။

Fng အနေနဲ့ အခု Alliance မှာ တော်တော်လေးအသားကျနေပြီဆိုတော့ သိပ်မကြာခင်မှာ Alliance ဘက်က ကြေညာချက်တစ်ခုကို မြင်တွေ့လာရဖွယ်ရှိပါတယ်။

source - Gambit Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။