Photo credit - LGD Gaming Facebook page

အားလုံးစောင့်မျှော်နေကြတဲ့ China region ရဲ့ dota 2 roster shuffle တွေတော့ တဖြေးဖြေးနဲ့စတင်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Vici Gaming ကနေ Yang နဲ့ rOtK တို့ထွက်ခွာခဲ့သလို ဒီကနေ့မှာဆိုရင်လည်း PSG.LGD ဟာ po 4 player ဖြစ်သူ fy ဟာ အသင်းကနေထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။

Fy အနေနဲ့ PSG.LGD ကနေထွက်ခွာသွားပြီဆိုတဲ့ ကောလဟာလတွေဟာ ပြီးခဲ့တဲ့ လထဲကထွက်ရှိနေတာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ ဒီကောလဟာလတွေဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Fy ဟာ PSG.LGD နဲ့အတူ အောင်မြင်မှုတွေများစွာကို ရယူနိုင်ခဲ့ပြီး Chinga region ရဲ့အကောင်းဆုံး po 4 player (fy god) လို့တောင် တင်စားခဲ့ရတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့ shaker , rubick နဲ့ Tusker playing style တွေဟာ တကယ့်ကိုထူးကဲကောင်းမွန်လှပြီး သူ့ကစားရတဲ့ role မှာအထူးတာဝန် ကျေပွန်လှတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ fy ဟာ PSG.LGD ကနေ ထွက်ခွာသွားပြီဆိုတော့ ကောလဟာလတွေထဲကအတိုင်း အသစ်ဖွဲ့စည်းမယ့် 4 Angry Men (4AM) ကိုတကယ်ပဲရောက်ရှိသွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

fy တောင် PSG.LGD ကနေထွက်ခွာသွားပြီဆိုတော့ Somnus’M ဟာလည်း ကောလဟာလတွေထဲကအတိုင်း PSG.LGD ကနေထွက်ခွာသွားနိုင်ပါတယ်။ 

source - LGD Gaming Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။