ပြီးခဲ့တဲ့ရက်ပိုင်းကမှ PSG.LDG ကနေထွက်ခွာခဲ့တဲ့ fy ကတော့ သူ့ရဲ့အသင်းသစ်နဲ့ပတ်သတ်ပြီး ထုတ်ဖော်ပြောကြားခဲ့ပြီပဲ ဖြစ်ပါတယ်။

fy ကတော့ streaming လုပ်နေစဥ်မှာ သူအပါအဝင် Yang နဲ့ Somnus'M တို့သုံးယောက်ဟာ 4 Angry Men (4AM) နဲ့ signed လုပ်ထားပြီးပြီ ဖြစ်ကြောင်းကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် fy ဟာ Eurus နဲ့ RedPanda တို့ကတော့ 4AM ကို join ဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ပါ ပြောကြားခဲ့သေးတယ်။

Chinese super team လို့ လူအများသတ်မှတ်နေကြတဲ့ 4AM ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ကြေညာချက်တစုံတရာတော့ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် Eurus နဲ့ RedPanda ရောက်လာနိုင်တဲ့ ရာခိုင်နှုန်းကတော်တော်လေးများနေပါတယ်။

အကယ်၍ Eurus နဲ့ RedPanda ပါ join လာခဲ့ရင် ဖြစ်လာမယ့် 4AM ရဲ့ dota 2 roster ကတော့

Po 1- Eurus (nego)

Po 2- Somnus'M

Po 3- Yang

Po 4- fy

Po 5- RedPanda (nego)

တို့ပဲဖြစ်ပါတယ်။

Source - Afkgaming

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။