Photo credit: Liquipedia

ယခုနှစ် 2020 အစောပိုင်းကမှ fear ကြီးဦးဆောင်ဖွဲ့စည်းခဲ့တဲ့ business associates dota 2 team ကတော့ မနေ့က စက်တင်ဘာလ 7 ရက်နေ့မှာ disband ပြုလုပ်သွားပီပဲ ဖြစ်ပါတယ်။

business associates ဟာစတင်ဖွဲ့စည်းပြီးထဲက ပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ရလာဒ်တွေကို မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ 4 လပိုင်း 27 ရက်နေ့က Nine နဲ့ Mooz တို့အသင်းကထွက်ခွာသွားချိန်ကစပြီး bs ရဲ့ roster ဟာ မငြိမ်မသက်တွေ ဖြစ်လာခဲ့ရပြီး EternalEnvy နဲ့ Sneyking တို့ကို stand-in players အနေနဲ့ ယာယီခေါ်ကစားခဲ့ရပါတယ်။

ဒါပေမယ့်လည်း အခြေအနေက ထူးခြားသွားတာမျိုးမရှိပဲ ဖြစ်သင့်သလောက်ဖြစ်မလာတာကြောင့် နောက်ဆုံးမှာ disband ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

bs disband ပြုလုပ်သွားချိန်မှာတော့ captain ဖြစ်သူ fear ကိုယ်တိုင်ကလည်း competitive scene ပေါ်ကနေ DPC season ပြန်မစခင်အထိ

အနားယူသွားတော့မှာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Ti 5 champion ဖြစ်တဲ့ fear ကြီးအနေနဲ့လည်း bs က သူ့ရဲ့ အသင်းဖော်တွေကတော့ အသင်းသစ်တသင်းကို ဖွဲ့စည်းသွားဖို့ရှိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Source:Fear twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။