Photo credit - ESL

လက်ရှိ IG အသင်းရဲ့ sup players KaKa ကတော့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Hu Liangzhi ပဲဖြစ်ပါတယ်။

KaKa ကိုမွေးဖွားခဲ့တာကတော့ 1992 ခုနှစ် 11 လပိုင်း 7 ရက်နေ့မှာဖြစ်ပြီး အခုဆိုရင် KaKa ဟာ အသက် 27 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

KaKa Dota 2 pro scene ပေါ်ရောက်လာခဲ့တာကတော့ 2014 ခုနှစ်လောက်ကဖြစ်ပြီး HyperGloryTeam မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ KaKa ဟာ 2014 ခုနှစ် 3 လပိုင်းကနေ 2015 ခုနှစ် 9 လပိုင်းအထိကစားခဲ့ပြီးနောက်မှာတော့ EHOME အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

EHOME မှာတော့ KaKa ဟာ ငါးလလောက်သာကစားခဲ့ပြီး 2016 ခုနှစ် 3 လပိုင်းမှာ Newbee အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

Newbee အသင်းနဲ့အတူတော့ KaKa ဟာ Ti6 ရော Ti 7 ရောဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး TI7 မှာ Grandfinal ထိရောက်ရှိခဲ့ပေမယ့် Team Liquid ကို 3 း 0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

T18 ကိုတော့ china region ကနေ qualifier ဝင်ရောက်ကစားခဲ့ပေမယ့် qualified မဖြစ်ခဲ့တာကြောင့် KaKa ရဲ့ Newbee အသင်းဟာ Ti8 ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။

အဲ့ဒီနောက် 2018 ခုနှစ် 9 လပိုင်းမှာတော့ KaKa ဟာ Newbee ကနေထွက်ခွာပြီး Keen Gaming ကိုပြောင်းရွှေ့ကာ Ti 9 ကို Keen Gaming နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံအကြောင်းမလှခဲ့ဘဲ 13-16th place နဲ့သာကျေနပ်ခဲ့ရပါတယ်။

Ti9 အပြီးမှာတော့ KaKa ဟာ Keen Gaming ကနေထွက်ခွာခဲ့ပြီး Ti 2 champion Invictus Gaming ကိုပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းအသင်းမှာ ကစားနေဆဲပဲဖြစ်ပါတယ်။

Source: Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။