God King
Photo credit - liquipedia

China Region က အောင်မြင်မှုတွေ ဆာလောင်နေတဲ့ Dota2 team တစ်ခုဖြစ်တဲ့ Royal Never Give Up ကတော့ သူတို့ရဲ့ roster ကိုပြောင်းလဲခဲ့ပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းကနေထွက်ခွာပြီး Team Aster ကိုပြောင်းရွှေ့သွားတဲ့ carry player "Monet" ရဲ့နေရာမှာ Sparking Arrow Gaming က carry player "God King" ကိုခေါ်ယူအစားထိုးခဲ့ပါတယ်။

"God King" ဟာ china region ကတက်သစ်စ carry players တွေထဲကမှ တော်တော်လေးကောင်းတဲ့ player တစ်ယောက်ဖြစ်ပြီး RNG နဲ့အတူ ရွှေရောင်နေ့ရက်တွေကိုဖော်ဆောင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

ဒါ့အပြင် RNG ဟာ သူတို့ရဲ့ offlaner "Flywin" ကိုလည်း Sparking Arrow Gaming မှာသွားကစားဖို့အတွက် ထွက်ခွာခွင့်ပေးခဲ့ပြီး CDEC Gaming မှာ အငှားနဲ့ကစားပေးနေတဲ့ "Srf" ကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် RNG ရဲ့ လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- God King

Po 2- Setsu

Po 3- Srf

Po 4- FelixCiaoBa

Po 5- Super

Coach - Banana

တို့ပဲ ဖြစ်ပါတယ်။

Srf
Photo credit - Liquipedia

Source - RNG weibo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။