Photo credit - liquipedia

ပြီးခဲ့တဲ့ရက်ပိုင်းကမှ disband ပြုလုပ်သွားတဲ့ business associates က player ဟောင်း EthernalEnvy ကတော့ သူ့ရဲ့ကစားဖော်တွေနဲ့အတူ North America region ကိုယ်စားပြုတဲ့ dota 2 team အသစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

EternalEnvy တို့ဖွဲ့စည်းခဲ့တဲ့ အသင်းသစ်နာမည်ကတော့ Zero ဖြစ်ပြီး ၄င်းအသင်းမှာ ပါဝင်တဲ့ players တွေကတော့

Po 1- EternalEnvy

Po 2- Ryoya

Po 3- Brax

Po 4- Sneyking

Po 5- 1437

တို့ပဲဖြစ်ပါတယ်။

ဒီ roster ထဲက EternalEnvy, Brax နဲ့ Sneyking တို့ကတော့ business associates က players တွေဖြစ်ကြပြီး Ryoya နဲ့ 1437 တို့ကတော့ 2019 ခုနှစ်ထဲက free agent ဖြစ်နေတဲ့ player တွေပဲ ဖြစ်ပါတယ်။

EternalEnvy နဲ့ Sneyking တို့ဟာ 2019 နှစ်ကုန်ပိုင်းလောက်က Fighting Pandas အသင်းကို ဖွဲ့စည်းပြီး ကစားပေမယ့်လည်း ၄င်းအသင်းဟာ ယခုနှစ် 2 လပိုင်းမှာ disband ပြုလုပ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် မှာတော့ EE နဲ့ Sneyking တို့ဟာ Cloud9 ကိုသွားရောက်ကစားခဲ့ပြီး သူတို့ကစားတာ တစ်လကျော်လောက်အကြာမှာ Cloud9 ကလည်း disband ပြုလုပ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာဆိုရင်လည်း EE နဲ့ Sneyking တို့ဟာ business associates မှာ အငှားအနေနဲ့ သွားရောက်ကစားခဲ့ပြီး သူတို့ကစားနေတဲ့ကာလအတွင်းမှာပဲ bs ကလည်း disband ပြုလုပ်သွားခဲ့ပါတယ်။

အဲ့ဒီလို ကစားသမျှ team တိုင်း disband ဖြစ်သွားတာနဲ့ ကြုံနေရတဲ့ EE နဲ့ Sneking တို့ဟာ လက်ရှိမှာ Zero ဆိုတဲ့ အသင်းသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြန်ပီဆိုတော့ လပိုင်းလောက်အတွင်း disband မဖြစ်သွားဖို့အတွက် ဆုတောင်းရမှာပါပဲ။

Source:EternalEnvy twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။