Photo credit - Alliance twitter

Alliance dota 2 team ကတော့ သူတို့ရဲ့ ငါးယောက်မြောက် permanent player နဲ့ပတ်သတ်ပြီး သဲလွန်စ တစ်ခုပေးခဲ့ပါတယ်။

Alliance ပေးခဲ့တာကတော့ အမှောင်ချထားတဲ့ ပုံတစ်ပုံဖြစ်ပြီး ဒီပုံဟာ fng ဖြစ်ဖို့ 90% ရာခိုင်းနှုန်းလောက်သေချာပါတယ်။

fng အနေနဲ့ Gambit မှာရှိနေထဲက Alliance ကိုအငှားလာရောက် ကစားပေးနေတာဖြစ်ပြီး လက်ရှိမှာဆိုရင် fng ဟာ Gambit ကနေထွက်ခွာပြီး free agent player တစ်ယောက်ဖြစ်နေပီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် fng ဟာ Alliance ကို ပြီးခဲ့တဲ့ 5 လပိုင်းကုန်လောက်ထဲက သုံးလ အငှားစာချုပ်နဲ့ လာကစားပေးနေတာဖြစ်ပြီး ဒီအချိန်လောက်ဆိုရင် စာချုပ်သက်တမ်းက ကုန်ဆုံးနေလောက်ပါပီ။

ဒါ့အပြင် Alliance ဟာဆိုရင်လည်း fng နဲ့ကစားရတာ တော်တော်လေးအသားကျပြီး နောက်ဆုံးယှဥ်ပြိုင်ထားတဲ့ OMEGA League မှာလည်း fng ပါတဲ့ Alliance ရဲ့ကစားကွက်ဟာ အရင်ကထက် သိသိသာသာလေး ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ Europe region မှာဆိုရင်လည်း free agent ဖြစ်နေတဲ့ captain ကောင်းတွေ ရှားပါးနေတာဆိုတော့ Alliance အနေနဲ့ fng လို player တစ်ယောက်ကို လက်လွှတ်ခံမယ်လို့ မထင်ပါဘူး။

သို့ပေမယ့် fng ကိုတကယ်ခေါ်မခေါ်တာကတော့ Alliance ကြေညာတာကို စောင့်ကြည့်သွားရမှာပါပဲ။

Photo credit - Liquipedia

Myanmrload. .....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။