Fata
Photo credit - DreamHack

Fata နဲ့ 33 ကတော့ Ti 9 အပြီးမှာ free agents ဖြစ်နေတဲ့ Nikibaby, Limmp , Handsken တို့နဲ့အတူ အသင်းသစ် တစ်သင်းကိုဖွဲ့စည်းခဲ့ပါတယ်။

ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ Alliance ကခေါ်ယူခဲ့တာကြောင့် Fata တို့ဟာ 2019 ခုနှစ် 10 လပိုင်း 3 ရက်နေ့မှာ Alliance ကိုရောက်ရှိလာခဲ့ပါတယ်။

Alliance ကိုရောက်ရှိပြီးနောက် ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်တဲ့ Dream League Season 12 မှာ champion ဖြစ်ခဲ့ပြီး နောက်ပိုင်း ယှဥ်ပြိုင်တဲ့ tournaments တွေမှာ ထင်ထားသလောက်ရလာဒ်တွေမရရှိတော့သလို ကစားတဲ့နေရာမှာလည်း အဆင်မပြေမှုတွေရှိတာကြောင့် fata နဲ့ 33 တို့ဟာ အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။

Alliance ကထွက်ပြီးနောက်မှာတော့ fata နဲ့ 33 တို့ဟာ 5 လကျော်လောက် အနားယူသွားခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းသစ်တစ်ခုနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပြီပဲ ​ဖြစ်ပါတယ်။

Fata နဲ့ 33 တို့ရဲ့ အသင်းသစ်နာမည်ကတော့ Mudgolem ဖြစ်ပြီး ၄င်း အသင်းရဲ့ roster အပြည့်အစုံကတော့

Po 1- Skiter

Po 2- BoraNija

Po 3- 33

Po 4- Milan

Po 5- fata

တို့ပဲ ဖြစ်ပါတယ်။

Mudgolem ကတော့ ဒီ roster နဲ့အတူ direct invite ရရှိထားတဲ့ BTS Pro Series Season 3: Europe/ CIS ကို ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကလည်း လာမယ့် 12 ရက်နေ့မှာ စတင်ကျင်းပမှာဆိုတော့ mudgolem ရဲ့ ကစားပုံတွေကို မကြာခင်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Source - liquipedia and bts pro series

33
Photo credit - DreamHack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။