Photo credit - ESL and liquipedia

BTS Pro Series Season3: EU/CIS မှာဝင်ပြိုင်ဖို့ direct invite ရရှိခဲ့တဲ့ Hellraisers ကတော့ ဒီပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် stand-in players သုံး​ယောက်တောင်ခေါ်ယူခဲ့ရပါတယ်။

Hellraisers အနေနဲ့ အသင်းရဲ့ carry player ဖြစ်သူ Nix ဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိတာကြောင့် သူ့ရဲ့နေရာမှာ Team Spirit က carry player DyrachYo ကို အငှားအနေနဲ့ ခေါ်ယူကစားခိုင်းခဲ့ပါတယ်။

Po 4 နေရာမှာလည်း Rodjer ထွက်သွားပီးထဲက ခေါ်ယူထားတဲ့ player မရှိသေးတာကြောင့် po 4 နေရာမှာကစားပေးဖို့အတွက် Lil ကို stand-in player အနေနဲ့ခေါ်ယူခဲ့ရပါတယ်။.

Po 5 player ဖြစ်သူ Miposhka ကလည်း ပြီးခဲ့တဲ့ 9 ရက်နေ့ကမှ အသင်းကထွက်ခွာသွားတာကြောင့် သူ့ရဲ့နေရာမှာ ကစားပေးဖို့အတွက်လည်း nongrata ကိုခေါ်ယူခဲ့ရပါတယ်။.

nongrata ဟာ အရင်က offlane player တစ်ဦးဖြစ်တာကြောင့် အခု po 5 ကစားမယ်ဆိုတာက နည်းနည်းစိတ်ဝင်စားဖို့ကောင်းနေတာ အမှန်ပါပဲ။

BTS Pro Series Season3: EU/CIS ဝင်ရောက်ယှဥ်ပြိုင်မယ့် Hellraisers ရဲ့ dota2 roster အပြည့်အစုံကတော့

Po 1- DyrachYo (stand-in)

Po 2- xanni

Po 3- Funn1k

Po 4- Lil (stand-in)

Po 5- nongrata (stand-in)

တို့ပဲ ဖြစ်ပါတယ်။

Source - Hellraisers twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။