တစ်ချိန်က အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချော ဂန္တဝင်ကတော့ ယခုအချိန်မှာ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ပြီး အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုခေတ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ဂန္တဝင်က ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo credit - Actress Gantawinn's FB page
Photo credit - Actress Gantawinn's FB page

မင်းသမီးချော ဂန္တဝင်က ပြစ်ချက်မရှိလှပတဲ့ မျက်နှာလေးအပြင် ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကိုလည်း တွေ့ရပါတယ်။ ရှိရင်းစွဲအသက်ထက် နုပျိုလှပနေတဲ့ ဂန္တဝင်ကို ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားကျချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် သူမရဲ့ pageမှာ လှုပ်ရှားမှုပုံရိပ်တွေနဲ့ အလှပုံလေးတွေကို တင်ပေးလေ့ရှိနေတဲ့ ဂန္တဝင်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ 

Photo credit - Actress Gantawinn's FB page
Photo credit - Actress Gantawinn's FB page

ဂန္တဝင်က လှပတဲ့ အဖြူရောင်ဂါဝန်တိုလေးကို လိုက်ဖက်ညီညီ ဝတ်ဆင်ကာ ပင်ကိုယ်အလှတွေကပေါ်လွင်နေပြီး ဆွဲဆောင်မှုရှိလွန်းနေတဲ့ ပုံရိပ်အချို့ကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် "ကျန်းမာ​ရေး​ကောင်းဖို့ အပင်​လေး​တွေကထုတ်​ပေးတဲ့​ ​အောက်ဆီဂျင်ကိုရှူကြစို့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်... ။ 

Photo credit - Actress Gantawinn's FB page

Source & Photo credit - Actress Gantawinn's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။