"အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ အောင်မြင်မှုတွေကို ဆွတ်ခူးရရှိခဲ့သူလေးကတော့ အဆိုတော် ဝိုင်းလေးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့အသံပါဝါနဲ့ သီချင်းအမျိုးအစား အစုံအလင်ကို ပိုင်နိုင်စွာသီဆိုတတ်တဲ့ ဝိုင်းလေးက သီချင်းကောင်းလေးတွေများစွာ ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဝိုင်းလေးက အဆိုတော်အဖြစ် အောင်မြင်နေရုံသာမက အလှမယ်အဖြစ်ပါ သရဖူဆောင်းထားသူလေးဆိုရင်လည်း မမှားပါဘူးနော် ။

Photo Credit- Thiha (somewhere In Art x Let's Take)
Photo Credit- Thiha (somewhere In Art x Let's Take)
Photo Credit- Thiha (somewhere In Art x Let's Take)

လတ်တလောမှာတော့ ဝိုင်းလေးက သီချင်းအသစ်တွေ ဆက်လက်ဖန်တီးရင်း Music Video လေးတွေကိုပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း ဝိုင်းလေးက "သူ့ကြောင့်" ဆိုတဲ့သီချင်းဗီဒီယိုအသစ်လေးကို ပရိသတ်တွေအတွက် မျှဝေခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း ဝိုင်းလေးက အရမ်းနာမည်ကြီးတဲ့ အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit- Wyne Lay's FB Page & Zaw Htoo Aung
Photo Credit- Wyne Lay's FB Page
Photo Credit- Wyne Lay's FB Page

ဒါ့အပြင် ဝိုင်းလေးက အမိုက်စားကကွက်လေးတွေနဲ့ အပီအပြင်ကပြီး Tik Tok ကစားခဲ့သေးတာ ဖြစ်ပါတယ် ။ အဆိုကောင်းသလို အကလည်းတော်တဲ့ ဝိုင်းလေးကတော့ ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားနိုင်တာပဲ ဖြစ်ပါတယ် ။ ကဲချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ဝိုင်းလေးရဲ့အလန်းစား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Wyne Lay's Tik Tok Acc

@wyne_lay_official

##tiktokdance ##wynelay ##wynelaytiktok ##fyp ##myanmar ##singer

Aphrodite (Contains music from Dark Horse - Katy Perry) - plastique_tiara
@wyne_lay_official

Hey ##wynelay

original sound - wyne_lay_official

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။