ပရိသတ်ကြီးရေ.. မထက်လို့ဆိုလိုက်တာနဲ့ အမိုက်စားမိတ်ကပ်ပြင်ဆင်မှုလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာပြီး ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးကို အားလုံးပဲ ပြေးမြင်မိကြမှာပါနော်..။

ဆယ်စုနှစ်တွေကတည်းက မိတ်ကပ်ပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မထက်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားပြီး ပရိသတ်တွေကို အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Ma Htet's Fb Account
Photo Credit - Ma Htet's Fb Account

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ဆယ်လီတစ်ဦးဖြစ်သလို ယောကျ်ားလေးမိန်းကလေး အားလုံးက ချစ်ခင်ကြတဲ့ မထက်ကတော့ အခုတစ်ခါမှာ ပရိသတ်တွေကြား လူပြောများနေတဲ့ ပုဒ်မ(၃၇၇)နဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

ပုဒ်မ(၃၇၇)ဟာ LGBT မှမဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးရော တိရိစ္ဆာန်ရော ဓမ္မတာနဲ့ ဆန့်ကျင်တဲ့အမှုလို့ သိထားတဲ့အကြောင်းလေးနဲ့ အဆိုပါ ဥပဒေဟာ ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်တဲ့အကြောင်းလေးတွေကို မထက်က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Ma Htet's Fb Account
Photo Credit - Ma Htet's Fb Account

“အစ်မဆို ဘာလုပ်လုပ် အစ်မထက် တကယ်တတ်ကျွမ်းနားလည်တဲ့ သူငယ်ချင်းအပေါင်းအသင်းကောင်းတွေ လိုတယ်လို့ ထင်တယ် ဦးနှောက်ရှိပါပေါ့နော် အဓိကက ဦးနှောက်ပဲလို့ ထင်တယ် အစ်မဆို အစ်မနဲ့ ဦးနှောက်ချင်း level တူတဲ့သူနဲ့ပဲပေါင်းတယ် စိတ်နှစ်တယ် စကားပြောတယ် level မတူရင် ညှိလို့မရဘူး ညှိလို့မရရင် ပြဿနာတွေဆိုတာ ရှိလာမှာပေါ့နော်..” ဆိုပြီး သူမရဲ့ ခံယူချက်လေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ဒီနေ့ခေတ်မှာ တရားစွဲတာဟာ အရမ်းကိုလွယ်ကူသွားပြီဖြစ်ပြီး တရားစွဲတာ မစွဲတာကလည်း ကိုယ့်ရဲ့ အတွေးအခေါ် သုံးသပ်ချက်တွေနဲ့ တွေးခေါ်နိုင်တဲ့ အပေါ်မှာ အများကြီးမူတည်တယ်ဆိုပြီး ပြောပြထားတဲ့ မထက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ma Htet's Fb Account
Photo Credit - Ma Htet's Fb Account

Photo Credit - Ma Htet's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။