ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ချစ်စရာကောင်းပြီး စကားပြောပွင့်လင်းသလို သရုပ်ဆောင်လည်း ကောင်းသူလေးမို့ ပရိသတ်တွေအားလုံးက ချစ်ခင်ကြသူလေးပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ ဆောင်းယွန်းလေးကတော့ Covid ကာလမှာ ကျန်းမာရေးစည်းကမ်းတွေကို လိုက်နာသင့်တဲ့အကြောင်း ပြောပြလာပါတယ်နော်..။

Photo Credit - Saung Yoon San's Fb Account
Photo Credit - Saung Yoon San's Fb Account

အခုလိုအချိန်မှာ ကျန်းမာရေးအတွက် အကာအကွယ်တွေ တတ်နိုင်သလောက် လုပ်ဆောင်သင့်တဲ့အကြောင်းနဲ့ လေယာဉ်ပေါ်မှာ ချောင်းဆိုးနေပါလျက်နဲ့ Mask မတပ်တဲ့လူကို Mask တပ်ဖို့ အမုန်းခံပြောခဲ့တဲ့ သူမရဲ့အတွေ့အကြုံလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ကိုယ်က လူငယ်မို့ ခံနိုင်ပေမယ့် ကလေးတွေ၊ မိဘတွေနဲ့ လူကြီးတွေက ကိုယ်ခံအားကောင်းချင်မှကောင်းမှာမို့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဂရုစိုက်သင့်တဲ့အကြောင်းလေးတွေကို ဆောင်းယွန်က ပြောပြထားတာပါ..။

Photo Credit - Saung Yoon San's Fb Account
Photo Credit - Saung Yoon San's Fb Account

“ချောင်းဆိုးနေပါလျက်နဲ့ Mask မတပ်ဘူးဆိုတာ အရမ်းရိုင်းလွန်းတယ် လူတွေအများကြီး လေယာဉ်ပေါ်မှာ Mask မတပ်ပဲ ချောင်းတွေဆိုးနေတယ် အဲ့လို အသိမရှိတဲ့သူတွေ အများကြီးရှိတယ် အဲ့တော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိရင် လုံး၀ သည်းမခံနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင်သည်းမခံနဲ့” ဆိုပြီး ဆောင်းယွန်းလေးက ပြောပြထားတာ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ ဆောင်းယွန်းလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Saung Yoon San's Fb Account
Photo Credit - Saung Yoon San's Fb Account

Photo Credit - Saung Yoon San's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။