ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုတော်Rဇာနည်ဟာဆိုရင် ကလေးသုံးယောက်ရဲ့ဖခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။Rဇာနည်ရဲ့ကလေးသုံးယောက်လုံးက အချောလေးတွေဖြစ်ပြီး အကြီးဆုံးသားလေးဖစ်ဖစ်တုန်ဆိုရင် အနုပညာကိုလည်းဝါသနာပါပါတယ်နော်။Rဇာနည်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတာကြောင့် သူ့ရဲ့မိသားစုလေးကို အမြဲပျော်ရွှင်အောင်ထားပေးပါတယ်။

Photo Credit:MyatThinzar KyawOnee's Facebook Account
Photo Credit:MyatThinzar KyawOnee's Facebook Account
Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page

Rဇာနည်ရဲ့ ချစ်ဇနီးချောလေးဝမ်းကလည်း ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ချစ်ခင်ပွန်းရဲ့အလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေကူညီပေးပါတယ်။ကလေးသုံးယောက်ကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတာဖြစ်ပါတယ်နော်။ဖစ်ဖစ်တုန်၊ချစ်ချစ်တုန်နဲ့မစ်မစ်တုန်တို့မောင်နှမသုံးယောက်ကတော့ မေမေနဲ့ဖေဖေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေကြောင့် ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကြတာဖြစ်ပါတယ်။

Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page
Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page
Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page

Rဇာနည်ရဲ့ကလေးသုံးယောက်လုံးကို ပရိသတ်တွေကအရမ်းချစ်ကြပြီး အငယ်ဆုံးသမီးလေးမစ်မစ်တုန်ကိုလည်း အသည်းယားနေကြတာဖြစ်ပါတယ်။မစ်မစ်လေးကတော့ အခုဆိုရင် လေးလပြည့်သွားပြီဖြစ်လို့ တစ်နေ့ထက်တစ်နေ့လည်း ပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။အသည်းယားစရာကောင်းလောက်အောင် ပြုံးပြနေတဲ့ မစ်မစ်တုန်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page
Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page
Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page

Source&Photo Credit:Phit Phit Chit Chit Mhit Mhit's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။