မင်းသမီးချောလေး အေးဝတ်ရည်သောင်း က အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေနဲ့ အတူ ယနေ့အချိန်ထိ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ များစွာပါဝင်သရုပ်ဆောင်ထားကာ အကောင်းဆုံးကြိုးစားမှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးဝတ်ရည်သောင်း က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit -Soe Lwin Tun(photography)
Photo Credit -Soe Lwin Tun(photography)
Photo Credit -Soe Lwin Tun(photography)

အေးဝတ်ရည်သောင်း က ပျိုမဒီလေးတွေ အားကျရလောက်မယ့် သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ် လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ပုံလေးတွေကို သူမရဲ့ facebook account မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေကတော့ MRTV- 4 မင်းသားချောလေး ကျော်ထက်ဇော် နဲ့ အတူ ကြော်ငြာရိုက်ကူးရင်း ရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

Photo Credit -Soe Lwin Tun(photography)
Photo Credit -Soe Lwin Tun(photography)
Photo Credit -Soe Lwin Tun(photography)

ဒီပုံလေးတွေထဲမှာတော့ နှစ်ယောက်လုံးက မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ထားပြီး အတွဲညီညီ နဲ့ ချစ်ဖို့ကောင်းလောက်အောင် ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း အေးဝတ်ရည်သောင်း က " မောင်နှမ နှစ်ယောက်ရိုက်ထားတဲ့ကြော်ငြာလေးပါရှင့်.....ဘာကြော်ငြာလေးလဲ သိရင် ၁၀ မှတ် " ဆိုပြီး ချစ်စရာကောင်းလောက်အောင်ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ လိုက်ဖက်ညီညီ နဲ့ ချစ်စရာကောင်းလောက်အောင် ဓာတ်ဖမ်းထားတဲ့ အေးဝတ်ရည်သောင်း နဲ့ ကျော်ထက်ဇော် တို့ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Soe Lwin Tun(photography)
Photo Credit -Soe Lwin Tun(photography)

Photo Credit -Soe Lwin Tun(photography)

Source - Aye WutYi Thaung fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။