ညီညီမောင်(စမ်းချောင်း)ဆိုတဲ့နာမည်နဲ့ မိတ်ကပ်လောကမှာ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ သုသု့ကိုတော့ ပရိသတ်တွေက ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော် ။ အားလုံးကိုအလှပဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သပေးနိုင်တဲ့ သုသုက နာမည်ကြီးအနုပညာရှင်တွေရဲ့လက်စွဲတော် အလှဖန်တီးရှင်လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ပျော်ပျော်နေတတ်တဲ့ သုသုက လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

သုသုက သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို မလုပ်ကိုင်ခင်ကတည်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေနဲ့ ရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သုသုက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ် ။ အခုလည်း သုသုက သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတစ်ခုကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-ALinn Yaung Photography
Photo Credit-ALinn Yaung Photography
Photo Credit-Nyi Nyi Maung's FB Acc

ဒီဗီဒီယိုလေးမှာ သုသုက ဆိုင်ကိုလာတဲ့လူတွေကို တစ်ယောက်ချင်းစီအပူချိန်လိုက်တိုင်းပေးနေတာပဲ ဖြစ်ပါတယ် ။ အပူချိန်တိုင်းနေရင်း Customer တစ်ယောက်ရဲ့စကားအရ အခုလိုလုပ်ပေးနေရတဲ့ နောက်ကွယ်က အကြောင်းအရင်းအမှန်ကိုလည်း သုသုက ပြောပြခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ကြည့်မိသူတိုင်းရယ်မောသွားရစေမယ့် သုသုရဲ့အခွီတလိုင်း ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"Nyi Nyi Maung-Sanchaung" FB Page

Photo Credit-Nyi Nyi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။