အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ရေဗက္ကာဝင်းရဲ့သီချင်းဟောင်းလေးတွေကလည်း နားထောင်လို့ကောင်းနေဆဲဖြစ်ပြီး ဘယ်တော့မှမရိုးသွားလို့ ပရိသတ်တွေကကြိုက်နှစ်သက်နေကြတာပါနော်။လက်ရှိမှာလည်း ရေဗက္ကာဝင်းက သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်။

Photo Credit:Ko Aung Zaw&Ko Nyi (love space)
Photo Credit:Ko Aung Zaw&Ko Nyi (love space)
Photo Credit:Ko Aung Zaw&Ko Nyi (love space)

ရေဗက္ကာဝင်းက ချစ်မွှေးပါတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အသံလေးကလည်း အရမ်းနားထောင်လို့ကောင်းပါတယ်နော်။အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်တဲ့ ရေဗက္ကာဝင်းက လက်ရှိအချိန်မှာတော့ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်လို့ တစ်နေ့ထက်တစ်နေ့ပိုပိုလှပလာပါတယ်။ပရိသတ်တွေကတော့ ရေဗက္ကာဝင်းကို ချစ်ကြလို့ သူမရဲ့လှုပ်ရှားမှုလေးတွေကို စောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Ko Aung Zaw&Ko Nyi (love space)
Photo Credit:Ko Aung Zaw&Ko Nyi (love space)

လတ်တလောမှာဆိုရင်တော့ ရေဗက္ကာဝင်းက "နောက်ဆုံးအနမ်း"ဆိုတဲ့ Single songလေးထွက်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။သီချင်းလေးရဲ့ Cover Artအတွက်လည်း ဓာတ်ပုံတွေရိုက်ကူးနေတာဖြစ်လို့ ပရိသတ်တွေကိုရေဗက္ကာဝင်းက အလှပုံလေးအတွက် အကြံဉာဏ်တောင်းလိုက်တာဖြစ်ပါတယ်။တမူထူးခြားတဲ့အလှအပတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေတဲ့ ရေဗက္ကာဝင်းရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Ko Aung Zaw&Ko Nyi (love space)
Photo Credit:Ko Aung Zaw&Ko Nyi (love space)
Photo Credit:Ko Aung Zaw&Ko Nyi (love space)

Photo Credit:Ko Aung Zaw&Ko Nyi (love space)

Source:Rebecca Win's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။