မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သူလေးကတော့ ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ 

ဘေဘီက တောင်းတင်းလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားပြီး ရုပ်ရည်လေးကလည်း ပြစ်ချက်မရှိလှပတာကြောင့် ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ သူတစ်ယောက်ပါနော်.....။

Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account

ဘေဘီက နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် သူမရဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်။ အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ ဘေဘီက လိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ 

Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account

ယနေ့မှာတော့ သရုပ်ဆောင် ဘေဘီမောင်က သူမရဲ့ ချစ်ညီမလေး သံစဥ်မောင်နဲ့အတူ ဆင်တူအင်္ကျီလေးဝတ်ကာ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်။ မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီညီ လှရက်လွန်းတဲ့ သူမတို့ ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။

Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account
Photo credit -Baby Maung's FB account

Source & Photo credit -Baby Maung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။