အမြဲအခွီပုံစံလေးတွေ ရယ်စရာဟာလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်ရဲလေးရဲ့ညီဖြစ်တဲ့ ဟာသ ဇာတ်ပို့ သရုပ်ဆောင် ဂျိုကာပဲ ဖြစ်ပါတယ်။ ပင်ကိုယ်ဟာသဉာဏ်ရွှင်ပြီး သဘာဝကျကျလေးနဲ့ ရယ်စရာလေးတွေကို ဖန်တီးတတ်သူဖြစ်လို့ ယောကျ်ားလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားသူပါနော်။

Photo credit - Wai Yan Tun Min's FB account

ဒါ့အပြင် ဂျိုကာက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့အပြင် Tiktok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အကြိုက်တွေ့ သဘောကျစေသူလည်း ဖြစ်ပါတယ်နော်။ ဂျိုကာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ဝါရင့်သရုပ်ဆောင် ဦးကျော်ထူးနဲ့အတူ ဇာတ်ကားအသစ်တွေကိုလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Photo credit - Wai Yan Tun Min's FB account

လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို ပရိသတ်တွေဆီ ချပြပေးလေ့ရှိတဲ့ ဂျိုကာက ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်နော်။ သရုပ်ဆောင် ဦးကျော်ထူးနဲ့အတူ ရိုက်ကူးထားတဲ့ အခွီ ပုံလေးတွေကို တင်ပေးခဲ့ပြီး " StayမHomeချင်ကြတော့လို့ James Joker တို့ တူဝရီးနှစ်ယောက်ကတော့ ချောင်းသာရောက်နေကြပြီ "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ 

Photo credit - Wai Yan Tun Min's FB account

Source & Photo credit - Wai Yan Tun Min's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။