ပရိသတ်ကြီးရေ.. အဆိုတော်ချမ်းချမ်းက စူးရှတဲ့အမိုက်စားအသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေးတွေ သီဆိုတတ်ကာ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဂီတလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားသလို စကားပြောပွင့်လင်းပြီး မဟုတ်မခံတဲ့ စိတ်ထားတွေကြောင့် အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့လည်း မကြာခဏကြုံတွေ့ရတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Chan Chan's Fb Account
Photo Credit - Chan Chan's Fb Account

ချမ်းချမ်းကတော့ မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် ဆန္ဒမဲပေးပွဲကြီးမှာ ပြည်သူပရိသတ်တွေအနေနဲ့ ကြိုက်နှစ်သက်တဲ့ပါတီကို ရွေးချယ်မှု မှန်ကန်စွာ မဲပေးနိုင်ကြဖို့ တိုက်တွန်းပြောပြလာပါတယ်နော်..။

မှန်ကန်တဲ့အရာကို ရွေးချယ်ပြီး ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးခွင့်ရှိတာမို့ နောင်ရေးသာယာပြီး ကိုယ့်သားသမီးမျိုးဆက်ကို ကောင်းစားစေတာကိုပဲ ရွေးချယ်ကြဖို့ သူမက သေသေချာချာလေး ရှင်းလင်း ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Chan Chan's Fb Account
Photo Credit - Chan Chan's Fb Account

“ကိုယ်ကြိုက်တဲ့ ပါတီကို အရင်ကြည့်လိုက်တယ် ကိုယ့်နိုင်ငံကို တိုးတက်မယ့်ပါတီလားဆိုတာ ကိုယ်ပေးမယ့်ခေါင်းဆောင်က ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နေတဲ့သူ နိုဘယ်ဆုတွေအများကြီးရထားတဲ့သူ ကိုယ့်နိုင်ငံအတွက် နှစ်ပေါင်းများစွာ မိသားစုပစ်ပြီး အိုးအိမ်ကိုပစ်ပြီး ကြိုးစားခဲ့တဲ့လူတစ်ယောက်ကိုမှ မဲမပေးရင် သူ့ကြောင့် ထွန်းကားလာတာတွေ တိုးတက်လာတာတွေကို မကြည့်ဘဲနဲ့ အစွဲတွေနဲ့ပဲ သွားမယ်ဆိုရင် ဆက်သွားကြပေါ့ ဒါသူတို့ကိစ္စ ကိုယ်ကတော့ ဦးနှောက်နဲ့ ယှဉ်ပြီးတော့ လေ့လာပြီး သမာသမတ်ကျတဲ့လမ်းကိုပဲ သွားချင်တယ် ကားမစီးရရင် နေပါစေ တိုက်မဆောက်ရရင် နေပါစေ ကိုယ့်စိတ်ထဲမှာ ကိုယ်လုံဖို့ အရေးကြီးတယ် ကိုယ့်သမိုင်းကိုယ်ရေးမှာပါ ကိုယ့်နောက်ကျောကိုယ်လုံချင်တယ်ဆိုရင် မှန်ကန်တဲ့အရာကို ရွေးချယ်ပါ ကြိုက်တဲ့ပါတီကို မဲပေးပိုင်ခွင့်ရှိတယ် ဒါပေမယ့် စဉ်းစားဘယ်အရာက ကိုယ့်ရဲ့နောင်ရေးကို သာယာစေမလဲ ထွန်းကားစေမလဲ ကိုယ့်သားသမီးမျိုးဆက်ကို ကောင်းစားစေမလဲဆိုတဲ့ဟာကိုပဲ ရွေးချယ်စေချင်ပါတယ် ဘယ်သူ့ကိုမှ အတင်းအကျပ်မရှိပါဘူး..”ဆိုပြီး ချမ်းချမ်းက ပြောပြထားတာပါ..။

ကဲ.. ပရိသတ်ကြီးတို့လည်း မကြာခင်မှာ ပြုလုပ်တော့မယ့် မဲပေးတဲ့အချိန်မှာ မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ မဲပေးနိုင်ကြဖို့ ပြောပြထားတဲ့ ချမ်းချမ်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Chan Chan's Fb Account
Photo Credit - Chan Chan's Fb Account

Photo Credit - Chan Chan's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။