အဝေးပြေးဂိတ်မှအဆင်း တက္ကစီးဌားစီးရာ ဓားထောက်ပြီး အလုခံရ

အခုလေးပဲ တော်တော် စိတ်ပျက်ပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တခုဖြစ်သွားပါတယ်။

တောင်တွင်းကြီးက ကျမ အကိုတယောက်က မနေ့ညနေ ငါးနာရီ မြို့သစ်

ဒဂုံ ကားနဲ့ ရန်ကုန်ကိုလာပါတယ်။

အိမ်မှာတည်းနေကျဖြစ်လို့ ကျမ ကလည်းတောင်တွင်းက မှာချင်တာလေးမှာလိုက်ပါတယ်။

အိမ်ကို မနက်ငါးနာရီကျော်ကျော်ရောက်လာ

ပြီး အိမ်က လူကို taxiကားခ တောင်းပြီး

ရှင်းတော့ ကျမ က အကို့နှယ် ပိုက်ဆံအပိုလေး

တောင်မကျန်အောင် လို့စဉ်းစားနေတုံး

အကိုက မနက်လေးနာရီကားဆိုက်ကြောင်း

ကားဆိုကိဆိုက်ချင်းပဲ taxi ငှါးကြောင်း

taxi သမား ၂ ယောက်က သူ့ကို ဒါးနဲ့ထောက့်ပီးဝိုင်းလု လိုက်ကြောင်းပြောပြပါတယ်။

ကားသမားတွေက ကားကို ခရေပင်လမ်းမကြီးအတိုင်းမောင်းပြီး ပြည်လမ်း

ရောက်တော့ မြို့ထဲဘက်ကွေ့ရမဲ့အစား ဒညင်းကုန်းလမ်းဘက်ကိုတည့်တည့်သွားပြီး

တယောက်က သူ့ကိုဒါးနဲ့ထောက်ပြီးလု ပါတော့တယ်။ သူက လူကိုဘာမှ မလုပ်ရင်ပြီးရော

ကြိုက်တာယူလို့ ပြောလို့ ဒါမျိုးဆိုဘာမှ လုပ်စရာမလိုဘူး။ ခင်ဗျားငြိမ်ငြိမ်နေရင်ပြီးရောဆိုပြီး ပါလာတဲ့

ငွေ ရယ် လက်စွပ်တကွင်းရယ် အဝတ်အစားအိတ်

ရယ် စားစရာတွေထည့်ထားတဲ့အိတ်ရယ်လုပြီး

လူကိုတော့ ဒညင်းကုန်းလမ်းထဲက စက်ရုံရှေ့မှာ လုလည်းလု ချလည်းချ ချသွားပါတယ်။

မောင်းတဲ့ကောင်က ခပ်ပိန်ပိန် ကုလားဆင်

အသားညို

ဒါးနဲ့ထောက်တဲ့ ကောင်က ဂင်တိုတိုနဲ့ ကတုံးဆတောက်ဖြစ်ပုံရပါတယ်။ ဦးထုပ်အနီ

ဆောင်းထားလို့ ဆံပင် တိုတိုပဲ မြင်ရတယ် တဲ့။

ကားက Probox ခဲရောင်အဖျော့

taxi မီးဘောက်တင်ထားပါတယ်။ စီးလာတဲ့

ကားက မြို့သစ်ဒဂုံ ဂိတ်ရင်းမှာရပ်တဲ့အချိန်မှာ

သူက ရပ်ထားတဲ့ကားကိုမငှါးပဲ မောင်းလာတဲ့

ကားကိုငှါးတယ်ပြောပါတယ်။

မောင်းတဲ့ကောင်က ပြောသတဲ့။

ကျုပ်တို့က သာယာဝတီက လူမိုက်တွေ ။

ကားဆုံးလည်းအရေးမကြီးဘူး

ကားပေါ်မှာဆီပုံးပါတယ်။

မီးရှို့လိုက်ရင်ပြီးရော လို့ပြောသတဲ့။

ကားပေါ်မတက်ခင် ကားနံပါတ်ကို ph နဲ့

ဓါတ်ပုံ ရိုက်ထားပေမဲ့ ph ကိုပါလုသွားလို့

မမှတ်မိတော့ပါဘူး။

ဒါပေမဲ့အလုခံရတာ သူတယောက်တည်းမဟုတ်ဘူးထင်တယ်။

သူ့ရှေ့မှာလည်းအလုခံထားရပုံပဲ။ကားနောက်ခန်းမှာ နောက်ထပ်အိတ်တလုံးတွေ့သေးတယ်လို့

အကိုကပြောပြပါတယ်။

ဒါ့ကြောင့် အဝေးပြေးမှာ taxi ငှါးမယ်ဆို သေချာကြည့်ငှါးကြပါ။

တတ်နိုင်ရင် ကားနံပါတ် ကားအမျိုးအစား

အရောင်တို့ကိုသေချာမှတ်ပါ။

မနက်အစောကြီးရောက်ရင်တယောက်တည်းဆို

ကားငှါးမစီးပဲ လက်ဘက်ရည် ဆိုင်မှာထိုင်နေပြီး

မိုးလင်းမှ ကားစီးပါလို့အကြံပေးပါရစေ။

ဟု facebook သုံးစွဲသူတစ်ဦးမှ သတိပေးပြောကြားထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။