Photo cre

SEA region က esports organization တစ်ခုဖြစ်တဲ့ T1 ကတော့ မနေ့က dota 2 team ရဲ့ roster update ကို ကြေညာခဲ့ပါတယ်။

T1 ကြေညာခဲ့တာကတော့ အသင်းရဲ့ carry player ဖြစ်သူ Meracle နဲ့ coach ဖြစ်သူ xfreedom တို့ဟာ အသင်းနဲ့ တရားဝင်လမ်းခွဲထွက်ခွာသွားပြီ ဆိုတာပဲ ဖြစ်ပါတယ်။

Meracle ကတော့ T1 ရဲ့အရင် carry player ဟောင်း black ရဲ့နေရာမှာအစားဝင်ဖို့အတွက် ပြီးခဲ့တဲ့ 5 လပိုင်း 13 ရက်နေ့ကမှ T1 ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး 4 လလောက်ကစားအပြီးမှာပဲ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။

coach ဖြစ်သူ xfreedom ကတော့ T1 ကို 2020 ခုနှစ် 3 လပိုင်း 3 ရက်နေ့က ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး 6 လကျော်လောက် အကြာမှာ ပြန်လည်ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ SEA region မှာဆိုရင်လည်း အသင်းတွေနဲ့ players တွေကြားမှာ လစာအခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး experience ကောင်းတဲ့ carry players တွေလည်း ရှားပါးနေတာကြောင့် T1 အနေနဲ့ ဘယ်သူ့ကို ခေါ်ယူအစားထိုးသွားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

T1 ရဲ့ လက်ရှိ roster ကတော့

Po 1- TBD

Po 2- inYourdreaM

Po 3- Sam_H

Po 4- Jhocam

Po 5- Poloson

တို့ပဲ ဖြစ်ပါတယ်။

Source - T1 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။