ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ Music videoတွေထဲမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ နန်းမြတ်ဖြိုးသင်းက နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်......။

Photo credit - Nan Myat Phyo Thin's FB account
Photo credit - Nan Myat Phyo Thin's FB account

ဒါ့အပြင်သူမက ရုပ်ရည်လေးနဲ့ လိုက်ဖက်တဲ့ အသံချိုချိုလေးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်လို့ အယ်ဘမ်လ်လည်း ထွက်ရှိထားသူပါနော်။ နန်းမြတ်ဖြိုးသင်းက အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက အရာရာကို နားလည်မှုရှိပြီး ချစ်ခင်မှုအပြည်ရှိတဲ့ ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နေပြီး ချစ်စရာကောင်းတဲ့ သားသားလေး ဂျက်ဂျက်ကိုလည်း မွေးဖွားထားပါသေးတယ်....။

Photo credit - Nan Myat Phyo Thin's FB account
Photo credit - Nan Myat Phyo Thin's FB account

ဒါ့အပြင် သူမရဲ့ ဗိုက်ထဲမှာလည်း နောက်ထပ်ရင်သွေးလေးကို လွယ်ထားတာဖြစ်ပြီး မကြာသေးမီအချိန်ကမှ ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ နန်းမြတ်က သူမရဲ့ သားသား​လေး ဂျက်ဂျက်နဲ့အတူ ညနေခင်း အိမ်ရှေ့လမ်းလျှောက်ထွက်နေတာဖြစ်ပြီး liveလွှင့်စကားပြောနေခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ တရင်းတနှီးစကားပြောနေတဲ့ နန်းမြတ်ရဲ့ video လေးကို ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Nan Myat Phyo Thin's FB account

Photo credit - Nan Myat Phyo Thin's FB account 

Source & video credit - Nan Myat Phyo Thin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။