ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီးတစ်လက်ဖြစ်ပါတယ်။လွင်မိုးက သမီးချောနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတဲ့အပြင် အခုဆိုရင်လည်း မြေးချောလေးတစ်ယောက်ပါရထားတာဖြစ်ပါတယ်။လွင်မိုးတို့ဇနီး‌မောင်နှံကလည်း မြေးလေးကိုအရမ်းချစ်ပြီး သေချာဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

လွင်မိုးတို့မိသားစုလေးက Liamလေးကြောင့် စိုပြေပြီး အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း သားလေးနဲ့Video Callပြောပြီး အလွမ်းဖြေနေကြတာဖြစ်ပါတယ်။လွင်မိုးကတော့ အခုဆိုရင် အသက်(၅၀)ပြည့်သွားပြီဖြစ်လို့ မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှူတွေလုပ်ပြီး ဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

လွင်မိုးကတော့"ဒီ​နေ့..၅၀..ပြည့်ပါတယ်..​ရွှေရတု​ပေါ့We love yangon နဲ့...နေရာတစ်ချို့...အလှူလုပ်ဖြစ်ခဲ့ပါတယ်..Covid..ကာလ..အားလုံး​ဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့...ပုံမှန်ဘဝကိုအမြန်ဆုံးပြန်​ရောက်ပါ​စေ ဆိုသောဆု...တစ်ခုသာပေးပါ..."ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။လွင်မိုးက သူ့ရဲ့မွေးနေ့လေးမှာ Covid19အတွက် (၉)သိန်းကျပ်တိတိကို လှူဒါန်းလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

Source&Photo Credit:Lwin Moe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။