ဟာသလူရွှင်တော်ဦးကောင်းကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ ဇာတ်ကားတိုင်းကို အ​ကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ကောင်းကျော်ကတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်နိုင်တဲ့ ဟာသလူရွှင်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit : U kaung kyaw ' s facebook acc
Photo credit : U kaung kyaw ' s facebook acc

ကောင်းကျော်ကတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ဟာသသရုပ်ဆောင်ကြီးဖြစ်တဲ့ ဦးပလာတာဟာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဦးပလာတာကွယ်လွန်သွားတဲ့ သတင်းဟာ အနုပညာရှင်ကိုရော ပရိသတ်တွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ကောင်းကျော်ကတော့ လေးစားအားကျရတဲ့ ဦးပလာတာတစ်ယောက်ကွယ်လွန်သွားပြီဖြစ်လို့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ 

Photo credit : U kaung kyaw ' s facebook acc
Photo credit : U kaung kyaw ' s facebook acc

ကောင်းကျော်ကတော့ " ရုပ်ရှင်ရဲ့သမိုင်းတခေတ်မှာဟာသသရုပ်ဆောင်အဖြစ် လေးစားချစ်ခင် အားကျခဲ့ရသည့် လူရွှင်တော်အသင်း(ရန်ကုန်)၏ ကန်တော့ခံ နာယကကြီးတစ်ဦးလည်းဖြစ်သည့် ဟာသသရုပ်ဆောင် ကြီး ဘဘ ဦးပလာတာ ယနေ့17-9-2020 နေ့ နံက်၂ နာရီခန့်တွင်ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲ ရပါသည် ကောင်းကျော်လူရွှင်တော် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

source :U kaung kyaw ' s facebook acc

Photo credit : U kaung kyaw ' s facebook acc
Photo credit : U kaung kyaw ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။