ချစ်ပရိသတ်ကြီးရေ....သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီရွှေကြိုမှာ အားဖြည့်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ထဲကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားတွေအနေနဲ့ ကြော်ငြာတွေအပြင် ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ပါဝင်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo credit - Saung Yoon San's FB account
Photo credit - Saung Yoon San's FB account

ဆောင်းယွန်းစံ က ကိုရီးမင်းသမီးလေးတစ်ယောက်လို ထင်မှတ်ရလောက်တဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လတ်တလော ကပ်ရောဂါတွေကြောင့် stay home အချိန်ကာလလေးမှာလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့ အလန်းစားပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - Saung Yoon San's FB account

ဆောင်းယွန်းက သူမနဲ့ လိုက်ဖက်ညီတဲ့ အဝါရောင်ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာကောင်းအောင့် ပိုစ့်ပေးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေက အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိလွန်းနေပြီး ပုရိသပရိသတ်တွေ ကြွေမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ဆောင်းယွန်းရဲ့ ပုံ​လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...... ။ 

Photo credit - Saung Yoon San's FB account
Photo credit - Saung Yoon San's FB account

Photo credit - Saung Yoon San's FB account

Source  - Saung Yoon San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။