ပရိသတ်ကြီးရေ......တစ်ခါပြုံးလိုက်တိုင်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို တဒုတ်ဒုတ်လှုပ်ခတ်စေနိုင်တဲ့မင်းသားလေးကတော့ Mrtv-4ရဲ့ မင်းသားချောကောင်းမြတ်စံပါ။ သူဟာ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်ရင်ထဲကိုရောက်ရှိလာပြီး ယခုအချိန်တွင် ရုပ်ရှင်ကားကြီးများကိုလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။ ကောင်းမြတ်စံဟာသရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ပွင့်လင်းစွာနေထိုင်တတ်သူဖြစ်သောကြောင့် ပရိသတ်တွေရဲ့အသည်းစွဲမင်းသားလေးဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo credit- Wai Yan Lin
Photo credit- Wai Yan Lin

ကောင်းမြတ်စံဟာသရုပ်ဆောင်ပိုင်းမှာလည်း အမြဲကြိုးစားနေလေ့ရှိပြီး ထူးချွန်တဲ့သူလေးဖြစ်တာကြောင့် ရုပ်ရှင်ကားကြီးတွေအထိပါရိုက်ကူးအောင်မြင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ချစ်စဖွယ်အပြုံးချိုချိုလေးနဲ့အတူ ပါးချိုင့်လေးဟာလည်း ပရိသတ်တွေရင်ကို လှုပ်ခတ်စေနိုင်တာအမှန်ပါပဲနော်။ ကောင်းမြတ်စံဟာ မကြာသေးမီကတော့ သူ့ရဲ့ Facebookစာမျက်နှာမှာ ပုံလေးတွေတင်ပေးလာပါတယ်။

Photo credit- Wai Yan Lin
Photo credit- Wai Yan Lin

ကောင်းမြတ်စံဟာ ပုပ္ပါးကိုရောက်ရှိနေတာဖြစ်ပြီးတော့ "သူမကို ကျွန်တော်ချစ်သည်...ဖြစ်နိုင်ရင်လေ နေ့တိုင်းတွေ့ချင်တယ်ဗျာ ..." ဆိုတဲ့ captionလေးနဲ့ မျောက်လေးနဲ့အတူကစားနေတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- Wai Yan Lin
Photo credit- Wai Yan Lin

Source-Kaung Myat San's Facebook acc

Photo credit- Wai Yan Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။