ပရိသတ်ကြီးရေ စူပါမော်ဒယ်လ်တစ်ယောက်အဖြစ် နာမည်ကြီးအောင်မြင်ခဲ့တဲ့ သန္တာလှိုင်ဟာဆိုရင် ဘိုဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာဖြစ်ပါတယ်။ သန္တာလှိုင်ဟာ အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်လေး​ကို ပိုင်ဆိုင်ထားပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ သာလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

သန္တာလှိုင်က စိတ်သဘောထားလည်း ပြည့်ဝသလို သူတစ်ပါးပေါ်မှာလည်း ကူညီတတ်တဲ့ လေးစားစရာအနုပညာရှင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သန္တာလှိုင်က လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးကာလမှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုအမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ 

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

ဒီပုံလေးတွေထဲမှာတော့ သန္တာလှိုင် က အိမ်မှာနေရင်း အလုပ်အားနေတဲ့ အချိန်လေးမှာ ဦးထုပ်လေးဆောင်းပြီး အပင်လေးတွေကို တယုတယ စိုက်ပျိုးနေတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ အပင်လေးတွေ စိုက်ပျိုးရတာကို ဝါသနာပါတဲ့ သန္တာလှိုင် ကတော့ ယခုလိုပဲ နေ့စဥ်ဆိုသလို ခြံထဲမှာအပင်လေးတွေကို ပြုစုပျိုးထောင်နေတာကိုလည်း တွေ့ရပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ အိမ်မှာနေတဲ့ အချိန်လေးမှာ အပင်လေးတွေစိုက်ပျိုးရင်း တစ်နေ့တာရဲ့ အချိန်တွေကို ဖြတ်သန်းနေတဲ့ မော်လ်ဒယ်မင်းသမီး သန္တာလှိုင် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

Photo Credit - Thandar Hlaing fb page

Source - Thandar Hlaing fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။