မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူလေးလို့တောင် ဆိုနိုင်ပါတယ်နော်။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့စတင်အောင်မြင်လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမနားတမ်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ် ။ အများအပေါ်မှာ ကူညီတတ်ပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလေ့ရှိတဲ့ ဖြူဖြူထွေးက တဖြည်းဖြည်းနဲ့ နာမည်ပိုရလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက သူမရဲ့ရိုက်ကူးရေးတွေမှာလည်း အလုပ်ပါးနေတဲ့ ဇာတ်ပို့အနုပညာရှင်တွေကို ပါဝင်သရုပ်ဆောင်ဖို့ အမြဲတမ်းဖိတ်ခေါ်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးအနေနဲ့ တစ်နေ့တခြားပိုမိုအောင်မြင်လာပေမယ့်လည်း အခုချိန်အထိ မာန်မာနကင်းသူလေးဖြစ်တာကြောင့် လူချစ်လူခင်ပေါများနေရတာ ဖြစ်ပါတယ်။  နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားအလှပိုင်ရှင်လေးဖြစ်တဲ့ ဖြူဖြူထွေးကတော့ တစ်နေ့ထက်တစ်နေ့ အလှတွေပိုတိုးလာတာလည်း ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

အခုလည်း ဖြူဖြူထွေးက ဂါဝန်လှလှလေးကိုဝတ်ဆင်ထားပြီး မြင်သူငေးရလောက်အောင် လှနေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ အရမ်းချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းတဲ့အပြုံးလေးတွေနဲ့ လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ချစ်စရာအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Phyu Phyu Htwe's FB Acc

Photo Credit-Amazing Grace 

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။