Photo credit - Liquipedia

Swole Patrol cs:go team ကတော့ ပြီးခဲ့တဲ့ 8 လပိုင်း 27 ရက်နေကမှ အသင်းရဲ့ roster ကို အသစ်ဖွဲ့စည်းပြီး pro scene ပေါ်ကို ပြန်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ပြန်ဖွဲ့စည်းခဲ့တာ ရက်ပိုင်းလောက်အကြာ မနေ့က 9 လပိုင်း 17 ရက်နေ့မှာတော့ disband ပြုလုပ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Disband ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ လက်ရှိ cs:go scene ဟာ ခက်ခဲတဲ့ အနေအထားမှာရှိနေပြီး players တွေအားလုံးကလည်း မတူညီတဲ့လားရာ ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလို့ အခုလို ဖျက်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ဖျက်သိမ်းခဲ့တဲ့ Swole Patrol ရဲ့ cs:go roster ကတော့

Jordan "⁠Zellsis⁠" Montemurro

Austin "⁠Cooper-⁠" Abadir

Gage "⁠Infinite⁠" Green

Will "⁠dazzLe⁠" Loafman

Maxim "⁠wippie⁠" Shepelev

Ian "⁠Immi⁠" Harding (coach)

တို့ပဲ ဖြစ်ပါတယ်။

Swole Patrol အနေနဲ့ ဒီ roster နဲ့အတူ ESEA Cash Cup - North America: Summer 2020#3 ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Grand Final မှာ Yeah Gaming ကို 2:1 နဲ့အနိုင်ရပြီး champion ဖြစ်ခဲ့ပါသေးတယ်။

Swole Patrol အနေနဲ့ မကြာခင်မှာ မတူညီတဲ့ ပုံစံတစ်ခုနဲ့ cs:go pro scene ပေါ်ပြန်လည်ထွက်ပေါ်ဖို့ မျှော်လင့်ရမှာပါပဲ။

Source -  twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။