ပရိသတ်ကြီးရေ ဂီတနယ်ပယ်မှာ ထွန်းလင်းတောက်ပနေတဲ့ အဆိုတော်မလေး မေလသံစဥ် ကိုတော့ သိကြမယ်ထင်ပါတယ်။ မေလသံစဥ် ဟာ ကိုယ်ပိုင်သံစဥ် ၊ ကိုယ်ပိုင်ဟန်လေးတွေနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုနဲ့ အတူ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ ယခုမှာဆိုရင် အဆိုတော်မလေး မေလသံစဥ် က Quarantine Center တွေမှာVolunteers အင်အားမမျှတာအခက်အခဲတွေနဲ့ ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်ကနေ​ကူညီပေးချင်ပါတယ်ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြောပြလာခဲ့ပါတယ်။

Photo Credit - မေလသံစဥ် May Melody fb page
Photo Credit - မေလသံစဥ် May Melody fb page

"Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteers အင်အားမမျှတာ အခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တစ်ထောင့်တစ်နေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲ အမြဲစဉ်းစားနေမိတယ်...ရန်ကုန်တစ်မြို့တည်းမှာ Q camp ၂၀ ကျော်ရှိပါတယ်.. ရိုးမစင်တာလိုနေရာမျိုး Q ၁၄၀၀နီးပါးကို Volunteer ၃၀ကျော်နဲ့ လုပ်နေရတော့ အရမ်းလဲ လူရော စိတ်ပါ ပင်ပန်းနေကြပါပြီ...ဒါကြောင့် အင်အားလေးတစ်ခုအနေနဲ့ မေလ တတ်နိုင်တာလေးပါဝင်ချင်ပါတယ်.......

Photo Credit - မေလသံစဥ် May Melody fb page
Photo Credit - မေလသံစဥ် May Melody fb page

ဒီ Covid ကာလမှာ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးပြီးသားပါ ဒါပေမယ့် အန္တရာယ်ကင်းကင်း Live လွှင့်ပြီး စျေးရောင်းပေးဖို့ အလုပ်အပ်သူတွေကိုတော့ အရင်ကလိုမငြင်းတော့ပဲLive လွှင့်​စျေး​ရောင်းလို့ ရသမျှ အနုပညာကြေး အားလုံးကို Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်မိပါတယ်....ချစ်သံမဏိတို့ရော သဘောတူကြတယ်မို့လား ရှင်" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီး ဒီလိုစိတ်စေတနာပြည့်ဝတဲ့ အဆိုတော်မလေး မေလသံစဥ် ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်.....။

Photo Credit - မေလသံစဥ် May Melody fb page

Source - မေလသံစဥ် May Melody fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။