အဆိုတော်စန္ဒီမြင့်လွင်တို့မိသားစုလေးကို ပရိသတ်တွေကချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။Treasureလေးကလည်း ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာပြီး ပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။မေမေဒီးဒီကလည်း သမီးလေးရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေ၊ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးနေကျဖြစ်ပါတယ်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း သမီးလေးကို ကျန်းကျန်းမာမာနဲ့လှလှပပလေး ကြီးပြင်းလာအောင် အသေးစိတ်ကအစ သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။မေမေဒီးဒီကလည်း သမီးလေးအတွက် အဟာရပြည့်ဝမယ့် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပေးတာပါနော်။ဒီးဒီတို့ဇနီးမောင်နှံကတော့ တစ်ဦးတည်းသောသမီးလေး Treasureကို မိဘမေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

ကိုသီဟလွင်ကလည်း အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့အတူ ဆော့ကစားပေးလေ့ရှိပါတယ်နော်။အခုဆိုရင်လည်း သမီးလေးစားဖို့အတွက် အဟာရပြည့်ဝတဲ့အစားအစာလေးကို သူကိုယ်တိုင်ချက်ပြုတ်ပေးနေတာဖြစ်ပါတယ်။ကိုသီဟလွင်က သူကိုယ်တိုင်ချက်ထားတဲ့ အစားအစာလေးကိုကြည့်ပြီး သဘောတွေကျနေတာဖြစ်လို့ မေမေဒီးဒီကတော့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Khin Lin Htin_Treasure's Facebook page
Photo Credit:Khin Lin Htin_Treasure's Facebook page
Photo Credit:Khin Lin Htin_Treasure's Facebook page

Source&Photo Credit:Khin Lin Htin_Treasure's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။