ချစ်ရတဲ့ ပရိသတ်ကြီးရေ.... အဆိုတော်မလေး ပိုပိုကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင့်မှုအသင့်အတင့်ရရှိထားပြီး ပရိသတ်အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့သူပဲဖြစ်ပါတယ် ။ သီချင်းတွေကို ကိုယ်ပိုင်ရေးသားသီဆိုတတ်တဲ့ ပိုပိုက တစ်ကိုယ်တော် အယ်ဘမ်လ်တွေကို ထွက်ရှိထားပြီး သူမရဲ့ သီချင်းတိုင်းကလည်း ခံစားချက်အပြည့်နဲ့ အချစ်သီချင်းတွေဖြစ်တာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတာလည်း ဖြစ်ပါတယ်။

Photo credit - Po Po's FB page
Photo credit - Po Po's FB page

လတ်တလောမှာတော့ ပိုပိုက သီချင်းအသစ်တွေထွက်ရှိဖို့ ကြိုးစားနေတာဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိသူပါ။ ယနေ့မှာလည်း ပိုပိုက သူမရဲ့ လှပတဲ့ ကောက်ကြောင်းအလှတွေကို ပိုမိုပေါ်လွင်စေပြီး လိုက်ဖက်ညီလှတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ ကျက်သရေရှိတဲ့ ပုံရိပ်လှလှလေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Po Po's FB page
Photo credit - Po Po's FB page
Photo credit - Po Po's FB page

ကြည့်မိသူတိုင်း အချစ်ပိုမိစေလောက်တဲ့ သူမရဲ့ ပုံလေးတွေအပြင် " မောင်က မြန်မာ ဆန်ဆန် လေးတွေ ဝတ်ရင် ပို သိပ်လှတာပဲ လို့ ပြောလေ့ရှိတယ် မောင့်ကို လွမ်းတဲ့ အကြောင်းတွေကို လေပြေညှင်း လေးတွေက တစ်ဆင့် မောင့်ဆီကို ပို့လိုက်မယ်နော် မောင် မောင့်ကို ကျွန်မ လွမ်းတယ် " ဆိုပြီး အချစ်စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Po Po's FB page
Photo credit - Po Po's FB page
Photo credit - Po Po's FB page
Photo credit - Po Po's FB page
Photo credit - Po Po's FB page

Photo credit - Po Po's FB page

Source  - Po Po's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။