ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ "လူးလူးစိန်"ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်နော်။ကျော်ကျော်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

ကျော်ကျော်က မင်းသမီးချော ဆုမြတ်နိုးဦးနဲ့ မင်းသားချော ညီထွဋ်ခေါင်တို့နဲ့လည်း ငယ်ပေါင်းကြီး‌ဖော်လိုမျိုးခင်မင်ရင်းနှီးတာဖြစ်ပါတယ်။ကျော်ကျော်တို့ သူငယ်ချင်းသုံးယောက်က အပြန်အလှန် စနောက်ကျီစယ်ကြပြီး ဟာသလုပ်တဲ့နေရာမှာလည်း အတွဲညီကြပါတယ်နော်။ကျော်ကျော်တို့သုံးယောက်ရဲ့ အခွီဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက အရမ်းကြိုက်နှစ်သက်ကြလို့ အမြဲကြည့်ရှု့နေကြတာဖြစ်ပါတယ်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Facebook page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Facebook page

ကျော်ကျော်ကတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့သူဖြစ်လို့ ပရိသတ်တွေကလည်း သူ့ကိုကြည့်ပြီး ပျော်ရွှင်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကျော်ကျော်က Maskကို လုံလုံခြုံခြုံတပ်ထားပြီး မုန့်ကိုအပီအပြင်စားပြကာ အခွီဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ကျော်ကျော့်လိုမျိုး maskတပ်ထားရင်း မုန့်စားလို့ရအောင် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Facebook page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Facebook page

Source&Video Credit:Kyaw Naing Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။