ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမရဲ့ ချစ်ညီမလေး သံစဥ်မောင်နဲ့အတူ အချစ်ပိုနေတဲ့ ပုံလေးတွေကို Facebook Mydayမှာ တင်ပေးလာပြန်ပါပြီနော် ။ အသက်အရွယ်ကွာဟပေမယ့် အမွှာတွေလို့ ထင်ရလောက်အောင် ရုပ်ချင်းဆင်တူနေတဲ့ ဘေဘီမောင်နဲ့ သံစဥ်မောင်တို့ ညီအစ်မရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အသည်းယားအချစ်ပိုမိစေမှာ အသေအချာပါပဲနော်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဘေဘီက နောက်ပိုင်းမှာတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကို အပြည့်အဝရယူထားနိုင်သူလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာလောကမှာ အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ ဘေဘီက သူမရဲ့ ချစ်ညီမလေး သံစဥ်မောင်ကိုလည်း အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းစေခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

ယခုလက်ရှိမှာတော့ ညီအစ်မနှစ်ယောက်လုံး ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိနေကြပြီလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြင်နာပြီး အချစ်ပိုနေတတ်တဲ့ ဘေဘီနဲ့ သံစဥ်ရဲ့ ပုံရိပ်လှလှလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ပရိသတ်ကြီးကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

Source & Photo credit - Baby Maung's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။