Photo credit - liquipedia

လက်ရှိ Team Secret ရဲ့ offlane player Zai ရဲ့နာမည်အရင်းကတော့ Ludwig Wahlberg ဖြစ်ပြီး Zai ဟာ Sweden နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Zai ကိုမွေးဖွားခဲ့တာကတော့ 1997 ခုနှစ် Augest လ 5ရက်နေ့မှာဖြစ်တာကြောင့် အခုဆိုရင် Zai ဟာ အသက် 23 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Zai ဟာ သူ့ရဲ့ dota 2 professional ကစားသမားဘဝကို အသက် 14 နှစ်အရွယ် 2012 ခုနှစ်လောက်ထဲကစတင်ခဲ့တာဖြစ်ပြီး 2013 ခုနှစ်အရောက်မှာတော့ Zai ဟာ Stay Free မှာဝင်ရောက်ကစားခဲ့ပြီး ၎င်းအသင်းမှာ 2013 ခုနှစ် 11 လပိုင်းကုန်လောက်ထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Zai ဟာ Super Strong Dinosaurs ကိုပြောင်းရွှေ့ခဲ့ပြီး ၎င်း team မှာ 1 လဝန်းကျင်သာကစားခဲ့ပြီး S A D B O Y S ကိုပြောင်းရွှေ့ခဲ့ပါတယ်။

S A D B O Y S မှာလည်း Zai ဟာ တစ်လဝန်းကျင်သာကစားခဲ့ပြီး 2014 ခုနှစ် 2 လပိုင်း 21 ရက်နေ့မှာ Evil Geniuses ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Evil Geniuses မှာတော့ Zai ဟာ တနှစ်နီးပါးလောက်ကစားခဲ့ပြီး 2015 ခုနှစ် 1 လပိုင်းမှာတော့ Team Secret ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Secret နဲ့ အတူ Ti 5 ကစားအပြီး 2015 ခုနှစ် 8 လပိုင်း 30 ရက်နေ့မှာတော့ Zai ဟာ Evil Geniuses ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

EG မှာ 9 လလောက်ကစားအပြီး 2016 ခုနှစ် 5 လပိုင်းမှာတော့ Zai ဟာ Kaipi ကိုပြောင်းရွှေ့ကစားခဲ့ပြီး 2016 ခုနှစ် 6 လပိုင်းမှာ EG ကိုပြန်လည်ရောက်ရှိလာခဲ့ပေမယ့် 8 လပိုင်း 27 ရက်နေ့မှာ Inactive လုပ်သွားခဲ့ပါတယ်။

2016 ခုနှစ် 9 လပိုင်းအရောက်မှာတော့ Zai ဟာ Evil Geniuses အသင်းရဲ့ active roster မှာပြန်လည်ပါဝင်လာခဲ့ပြီး Ti 7 အပြီး မှာ The Dire ကိုပြောင်းရွှေ့ခဲ့သလို ၎င်းအသင်းရောက်ပြီး ရက်ပိုင်းအကြာမှာတင်ပဲ Zai ဟာ Optic Gaming ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Optic Gaming မှာ တနှစ်ကစားအပြီး 2018 ခုနှစ် 9 လပိုင်းမှာတော့ Zai ဟာ Team Secret ကိုရောက်ရှိလာခဲ့ပြီး ယနေ့အထိ Team Secret မှာကစားနေဆဲဖြစ်ပါတယ်။

ယခုနှစ်အတွင်းမှာဆိုရင်လည်း Zai ဟာ Team Secret နဲ့အတူဝင်ရောက်ယှဥ်ပြိုင်တဲ့ tournaments 7 ဆုမှာ Champions ဆုတွေကို ဆက်တိုက်ဆွတ်ခူးထားတဲ့ players တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဘယ် heros လာလာ အကောင်းမွန်ဆုံး ဆော့ကစားနိုင်တဲ့ Zai ကိုတော့ လက်ရှိမှာ Europe region ရဲ့ အကောင်းဆုံး offlaner လို့ တင်းစားရမှာပါပဲ။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။