ပရိသတ်ကြီးရေ.....မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်အားပေးချစ်ခင်မှုအများအပြားရရှိနေတာပါ။ လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးရဲ့ ချစ်စရာအပြုအမူလေးတွေနဲ့ အလှူရေစက်လက်နဲ့မကွာလှူဒါန်းတတ်တာကြောင့် ပရိသတ်ချစ်ခင်မှုအပြည့်အ၀ရရှိနေတာပါ။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာ မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သူလေးဖြစ်ပြီးတော့ ပျော်ပျော်နေတတ်တဲ့ သူလေးဆိုလည်း မမှားပါဘူး။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ရရှိနေတာလည်းဖြစ်ပါတယ်နော်။ ဖြူဖြူထွေးလေးဟာလည်း အမြဲလိုလိုအပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ချစ်စရာပုံလေးတွေကို မကြာခဏတင်ပေးတတ်ပါတယ်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

အခုဆိုရင်လည်း ဖြူဖြူထွေးဟာ သူမရဲ့ Facebookစာမျက်နှာမှာ "Full colors in my dressing room" ဆိုတဲ့ captionလေးနဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာပါတယ်။ ဖြူဖြူထွေးလေးကတော့ ကြာလေချစ်‌စရာကောင်းလာလေလေးပါပဲနော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

Source-Phyu Phyu Htwe's Facebook acc

Photo credit-Phyu Phyu Htwe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။