မင်းသမီးချော ပွင့်နဒီမောင်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ပုရိသတွေသည်းသည်းလှုပ် ဝန်းရံအားပေးရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်လာခဲ့တဲ့ ပွင့်နဒီမောင်က ပီပြင်ပြောက်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်မျိုးစုံကို ဖန်တီးလေ့ရှိတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်က အခုချိန်မှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc

မကြာသေးခင်ကလည်း ပွင့်နဒီမောင်က "ရခဲ့သမျှအရာရာ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပွင့်နဒီမောင်က သရုပ်ဆောင်ထူးခြားတို့ဇနီးမောင်နှံနဲ့အတူ ဝက်နံရိုးမီးတောက်ဟင်းလျာကို ချက်ပြုတ်ရောင်းချရင်း အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် အလှတွေမလျော့သေးဘဲ အရွယ်တင်နေတဲ့ ပွင့်နဒီမောင်က အခုလည်း စတိုင်လ်အပြည့်နဲ့ Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc

ပွင့်နဒီမောင်က ဘာမှမပြင်ဆင်ထားတဲ့ အိမ်နေရင်းပုံစံကနေ ချက်ချင်းဆိုသလို အရမ်းလန်းတဲ့ပုံစံလေးဖြစ်သွားအောင် ပြောင်းလဲပြလိုက်တာပဲ ဖြစ်ပါတယ် ။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ အရမ်းကိုထိမိနေတဲ့ ပွင့်နဒီမောင်က အထာကျပြီး အပြတ်အသတ်ဂေါ်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပွင့်နဒီမောင်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ Source & Video Credit-Pwint Nadi Maung's FB Acc

Photo Credit-Pwint Nadi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။