မင်းသားချော မြင့်မြတ်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ Style ကျပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က အကယ်ဒမီဆုကို ရရှိခဲ့ပြီလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အားလုံးအပေါ်မှာ ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တာကြောင့် အနုပညာမောင်နှမတွေရော ပရိသတ်တွေပါ သူ့ကိုချစ်ခင်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

လက်ရှိမှာတော့ မြင့်မြတ်က အရမ်းကိုချောမောလှပတဲ့ ဇနီးလေးနဲ့အတူ ချစ်စရာကောင်းတဲ့သားလေးကိုပါ ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ အေးအေးဆေးဆေးနေထိုင်တတ်ပြီး မိသားစုကို တန်ဖိုးထားတတ်တဲ့ မြင့်မြတ်က သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ် ။ အခုတလောမှာ မြင့်မြတ်ကမိသားစုနဲ့အတူ အိမ်မှာပဲနေထိုင်နေတာဖြစ်ပြီး မနေ့ကတော့ ယောက်ဖဖြစ်သူရဲ့မွေးနေ့ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

မြင့်မြတ်ရဲ့ချစ်ဇနီးလေးကတော့ သူမရဲ့မောင်လေးအတွက် Birthday ကိတ်လေးနဲ့အတူ မွေးနေ့ပွဲကျင်းပပေးခဲ့တာ ဖြစ်ပါတယ် ။ မွေးနေ့ပွဲမှာ မြင့်မြတ်က သားလေးမြတ်သူကိုပွေ့ချီပြီး မိသားစုစုံစုံလင်လင်နဲ့ ရယ်မောပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ယောက်ဖဖြစ်သူရဲ့မွေးနေ့ပွဲလေးမှာ ချစ်ရတဲ့ဇနီးချော၊သားလေးတို့နဲ့အတူ ပျော်ရွှင်နေတဲ့ မြင့်မြတ်ရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Myat Wai Tun's FB Acc

Photo Credit-Myat Wai Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။